၄ ရာ 15:11-17 BCL

11 ဇာ​ခ​ရိ​မင်း​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု အ​ရာ​အ​လုံး​စုံ​ကို ဣသ​ရေ​လ​ရာ​ဇဝင်​တွင်​ရေး ထား​သ​တည်း။

12 သို့​ဖြစ်​၍``ငါ​သည်​သင်​၏​သား​မြေး​တို့​အား စ​တုတ္ထ​အ​ဆက်​တိုင်​အောင် ဣ​သ​ရေ​လ​ပြည်​ကို​အုပ်​စိုး​စေ​မည်'' ဟု​ယေ​ဟု အား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ခဲ့​သော​စ​ကား တော်​အ​တိုင်း​ဖြစ်​သ​တည်း။

13 ယု​ဒ​ဘု​ရင်​သြ​ဇိ​၏​နန်း​စံ​သုံး​ဆယ့်​ကိုး​နှစ် မြောက်​၌ ယာ​ဖက်​၏​သား​ရှလ္လုံ​သည်​ဣ​သ​ရေ​လ ပြည်​ဘုရင်​အ​ဖြစ် နန်း​တက်​၍​ရှ​မာ​ရိ​မြို့​၌ တစ်​လ​မျှ​နန်း​စံ​ရ​၏။

14 ဂါ​ဒိ​၏​သား​မေ​န​ဟင်​သည်​တိ​ရ​ဇ​မြို့​မှ ရှ​မာ​ရိ​မြို့​သို့​သွား​၍​ရှလ္လုံ​ကို​လုပ်​ကြံ​ကာ သူ​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက် လေ​သည်။-

15 ဇာ​ခ​ရိ​မင်း​အား​လျှို့​ဝှက်​ကြံ​စည်​မှု​အ​ပါ အ​ဝင်​ရှလ္လုံ​လုပ်​ဆောင်​ခဲ့​သည့် အ​ခြား​အ​မှု အ​ရာ​ရှိ​သ​မျှ​ကို ဣ​သ​ရေ​လ​ရာ​ဇဝင်​တွင် ရေး​ထား​သ​တည်း။-

16 မေ​န​ဟင်​သည်​တိ​ရ​ဇ​မြို့​မှ​ချီ​တက်​လာ​စဉ် လမ်း​ခ​ရီး​တွင်​တိ​ဖ​သ​မြို့​သား​တို့​သည် မိ​မိ အား​အ​ညံ့​မ​ခံ​ကြ​သော​ကြောင့် ထို​မြို့​နှင့် တ​ကွ​ပတ်​ဝန်း​ကျင်​နယ်​မြေ​များ​ကို​လုံး​ဝ ဖျက်​ဆီး​လေ​၏။ သူ​သည်​ကိုယ်​ဝန်​ဆောင်​အ​မျိုး သ​မီး​တို့​၏​ဝမ်း​ကို​ပင်​ခွဲ​၍​သတ်​လေ​သည်။

17 ယု​ဒ​ဘု​ရင်​သြ​ဇိ​၏​နန်း​စံ​နှစ်​ဆယ့်​ကိုး​နှစ် မြောက်​၌ ဂါ​ဒိ​၏​သား​မေ​န​ဟင်​သည် ဣ​သ​ရေ​လ ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍​ရှ​မာ​ရိ​မြို့​၌ ဆယ်​နှစ်​နန်း​စံ​လေ​သည်။-