၄ ရာ 15:1-2-6 BCL

1-2 ဣ​သ​ရေ​လ​ဘု​ရင်​ဒု​တိ​ယ​မြောက်​ယေ​ရော​ဗောင် မင်း​၏ နန်း​စံ​နှစ်​ဆယ့်​ခု​နစ်​နှစ်​မြောက်​၌​အာ​မ​ဇိ ၏​သား​သည်၊ အ​သက်​တစ်​ဆယ့်​ခြောက်​နှစ်​ရှိ​သော အ​ခါ​ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု ရှ​လင်​မြို့​တွင်​ငါး​ဆယ့်​နှစ်​နှစ်​နန်း​စံ​ရ​၏။ သူ ၏​မယ်​တော်​မှာ​ယေ​ရု​ရှ​လင်​မြို့​သူ​ယေ​ခေါ​လိ ဖြစ်​၏။-

3 သြ​ဇိ​သည်​မိ​မိ​ခ​မည်း​တော်​၏​လမ်း​စဉ်​ကို လိုက်​၍ ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မူ​သော အ​မှု​တို့​ကို​ပြု​၏။-

4 သို့​ရာ​တွင်​ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​ကို ဖျက်​ဆီး​ခြင်း​မ​ပြု​သ​ဖြင့် လူ​တို့​သည်​ထို ဌာ​န​များ​တွင် ဆက်​လက်​၍​ယဇ်​များ​ကို ပူ​ဇော်​၍​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ကြ​၏။-

5 ထာ​ဝ​ရ​ဘု​ရား​သည်​သြ​ဇိ​အား​အ​ရေ​ပြား ရော​ဂါ​စွဲ​ကပ်​စေ​တော်​မူ​သ​ဖြင့် သူ​သည်​သေ သည့်​တိုင်​အောင်​ထို​ရော​ဂါ​ကို​ခံ​စား​ရ​၏။ သို့ ဖြစ်​၍​သား​တော်​ယော​သံ​အား တိုင်း​ပြည်​အုပ် ချုပ်​မှု​တာ​ဝန်​ကို​လွှဲ​အပ်​ပြီး​လျှင် သီး​ခြား အိမ်​တော်​တွင်​စံ​တော်​မူ​ရ​လေ​သည်။-

6 သြ​ဇိ​မင်း​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု အ​ရာ​အ​လုံး​စုံ​ကို ယု​ဒ​ရာ​ဇ​ဝင်​တွင် ရေး​ထား​သ​တည်း။-