၄ ရာ 15:20-26 BCL

20 ယင်း​သို့​ဆက်​သ​နိုင်​ရန်​မေ​န​ဟင်​သည် ဣ​သ​ရေ​လ သူ​ဌေး​သူ​ကြွယ်​များ​ထံ​မှ​တစ်​ဦး​လျှင် ငွေ​သား ငါး​ဆယ်​စီ​ကောက်​ယူ​၏။ သို့​ဖြစ်​၍​တိ​ဂ​လတ် ပိ​လေ​သာ​သည်​မိ​မိ​၏​တိုင်း​ပြည်​သို့​ပြန်​သွား လေ​၏။

21 မေ​န​ဟင်​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု​အ​ရာ ရှိ​သ​မျှ​ကို ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​ထား သ​တည်း။-

22 သူ​ကွယ်​လွန်​သော​အ​ခါ​သူ့​ကို​သင်္ဂြိုဟ်​ကြ​၏။ သူ​၏​သား​တော်​ပေ​က​ဟိ​သည်​ခ​မည်း​တော်​၏ အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​လေ​သည်။

23 ယု​ဒ​ဘု​ရင်​သြ​ဇိ​၏​နန်း​စံ​တစ်​ဆယ့်​ငါး နှစ်​မြောက်​၌ မေ​န​ဟင်​၏​သား​ပေ​က​ဟိ​သည် ဣ​သ​ရေ​လ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ရှ​မာ​ရိ​မြို့​၌​နှစ်​နှစ်​နန်း​စံ​လေ​သည်။-

24 သူ​သည်​နေ​ဗတ်​၏​သား​ယေ​ရော​ဗောင်​၏​ဆိုး ညစ်​သော​လမ်း​စဉ်​ကို​လိုက်​၍ ထာ​ဝ​ရ​ဘု​ရား အား​ပြစ်​မှား​၏။ ယေ​ရော​ဗောင်​ကား​ဣသ​ရေ​လ အ​မျိုး​သား​တို့​အား အ​ပြစ်​ကူး​လွန်​ရန်​ရှေ့ ဆောင်​လမ်း​ပြ​ခဲ့​သူ​ဖြစ်​သ​တည်း။-

25 ပေ​က​ဟိ​၏​တပ်​မ​တော်​အ​ရာ​ရှိ​တစ်​ဦး​ဖြစ် သူ​ပေ​ကာ​သည် ဂိ​လဒ်​ပြည်​သား​လူ​ငါး​ကျိပ် နှင့်​အ​တူ လျှို့​ဝှက်​ကြံ​စည်​ကာ​ပေ​က​ဟိ​ကို ရှ​မာ​ရိ​နန်း​တော်​အ​တွင်း​၌​လုပ်​ကြံ​ပြီး​နောက် သူ​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက် လေ​သည်။

26 ပေ​က​ဟိ​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု​အ​ရာ ရှိ​သ​မျှ​ကို ဣသ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​ထား သ​တည်း။