၄ ရာ 15:6-12 BCL

6 သြ​ဇိ​မင်း​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု အ​ရာ​အ​လုံး​စုံ​ကို ယု​ဒ​ရာ​ဇ​ဝင်​တွင် ရေး​ထား​သ​တည်း။-

7 သြ​ဇိ​ကွယ်​လွန်​သော​အ​ခါ သူ့​ကို​ဒါ​ဝိဒ်​မြို့ ရှိ​ဘု​ရင်​များ​၏​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ်​ကြ​၏။ ထို​နောက်​သူ​၏​သား​တော်​ယော​သံ​သည် ခ​မည်း တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း တက်​လေ​သည်။

8 ယု​ဒ​ဘု​ရင်​သြ​ဇိ​၏​နန်း​စံ​သုံး​ဆယ့်​ရှစ်​နှစ် မြောက်​၌ ဒု​တိ​ယ​မြောက်​ယေ​ရော​ဗောင်​မင်း​၏ သား​ဇာ​ခ​ရိ​သည် ဣ​သ​ရေ​လ​ပြည်​ဘု​ရင် အ​ဖြစ်​နန်း​တက်​၍​ရှ​မာ​ရိ​မြို့​၌​ခြောက် နှစ်​နန်း​စံ​ရ​၏။-

9 သူ​သည်​မိ​မိ​၏​နောင်​တော်​ဘု​ရင်​များ​နည်း​တူ ထာ​ဝ​ရ​ဘု​ရား​အား​ပြစ်​မှား​၏။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​အ​ပြစ်​ကူး​လွန်​ရန်​ရှေ့ ဆောင်​လမ်း​ပြ​ခဲ့​သူ နေ​ဗတ်​၏​သား​ယေရော ဗောင်​၏​ဆိုး​ညစ်​သော​လမ်း​စဉ်​ကို​လိုက်​၏။-

10 ယာ​ဖက်​၏​သား​ရှလ္လုံ​သည်​လျှို့​ဝှက်​ကြံ​စည် ကာ ဇာ​ခ​ရိ​မင်း​အား​ဣ​ဗိ​လံ​မြို့​တွင်​လုပ်​ကြံ ပြီး​နောက် သူ​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍ နန်း​တက်​လေ​သည်။

11 ဇာ​ခ​ရိ​မင်း​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု အ​ရာ​အ​လုံး​စုံ​ကို ဣသ​ရေ​လ​ရာ​ဇဝင်​တွင်​ရေး ထား​သ​တည်း။

12 သို့​ဖြစ်​၍``ငါ​သည်​သင်​၏​သား​မြေး​တို့​အား စ​တုတ္ထ​အ​ဆက်​တိုင်​အောင် ဣ​သ​ရေ​လ​ပြည်​ကို​အုပ်​စိုး​စေ​မည်'' ဟု​ယေ​ဟု အား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ခဲ့​သော​စ​ကား တော်​အ​တိုင်း​ဖြစ်​သ​တည်း။