၄ ရာ 16:3-9 BCL

3 ဣ​သ​ရေ​လ​မင်း​တို့​၏​လမ်း​စဉ်​ကို​လိုက်​လေ သည်။ သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ချီ တက်​လာ​ချိန်​၌ ထာ​ဝ​ရ​ဘု​ရား​နှင်​ထုတ်​တော် မူ​သော​လူ​မျိုး​တို့​၏​စက်​ဆုတ်​ရွံ​ရှာ​ဖွယ်​ကောင်း သည့်​ဋ္ဌ​လေ့​ထုံး​စံ​တို့​ကို​အ​တု​ခိုး​ကာ မိ​မိ ၏​သား​တော်​ကို​ပင်​လျှင်​မီး​ရှို့​ရာ​ပူ​ဇော်​သကာ အ​ဖြစ်​ရုပ်​တု​တို့​အား​ပူ​ဇော်​လေ​သည်။-

4 ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​ဖြစ်​သော​တောင် ကုန်း​များ​နှင့် အ​ရိပ်​ကောင်း​သည့်​သစ်​ပင်​အောက် တို့​တွင်​အာ​ခတ်​သည်​ယဇ်​များ​ကို​ပူ​ဇော်​၍ နံ့​သာ​ပေါင်း​ကို​မီး​ရှို့​၏။

5 ရှု​ရိ​ဘု​ရင်​ရေ​ဇိန်​နှင့်​ဣသ​ရေ​လ​ဘု​ရင်​ပေ​ကာ တို့​သည် စစ်​ချီ​၍​ယေ​ရု​ရှ​လင်​မြို့​ကို​ဝိုင်း​ရံ ထား​ကြ​သော်​လည်း အာ​ခတ်​မင်း​ကို​မ​နှိမ်​နင်း နိုင်​ကြ။-

6 (ထို​အ​ချိန်​၌​ပင်​လျှင်​ဧ​ဒုံ​ဘု​ရင်​သည်​ဧ​လတ် မြို့​ကို​ပြန်​လည်​သိမ်း​ယူ​ပြီး​နောက် ထို​ပြည်​တွင် နေ​ထိုင်​သူ​ယု​ဒ​ပြည်​သား​တို့​အား​နှင်​ထုတ် လိုက်​လေ​သည်။ ဧ​ဒုံ​ပြည်​သား​တို့​သည်​ဧ​လတ် မြို့​သို့​လာ​ရောက်​နေ​ထိုင်​၍​ယ​နေ့​တိုင်​အောင် ရှိ​နေ​ကြ​သ​တည်း။-)

7 အာ​ခတ်​မင်း​သည်​အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင် တိ​ဂ​လတ်​ပိ​လေ​သာ​ထံ​သို့``အ​ကျွန်ုပ်​သည် အ​ရှင်​၏​သစ္စာ​တော်​ခံ၊ အ​စေ​ခံ​တစ်​ဦး​ဖြစ် ပါ​၏။ အ​ကျွန်ုပ်​တို့​ကို​တိုက်​ခိုက်​လျက်​နေ​သူ ရှု​ရိ​ဘု​ရင်​နှင့် ဣသ​ရေ​လ​ဘု​ရင်​တို့​လက်​မှ ကယ်​တော်​မူ​ပါ'' ဟု​သ​ဝဏ်​လွှာ​ရေး​၍​သံ တ​မန်​များ​စေ​လွှတ်​ပေး​ပို့​လိုက်​၏။-

8 အာ​ခတ်​သည်​ဗိ​မာန်​တော်​နှင့်​နန်း​တော်​ဘဏ္ဍာ တိုက်​ထဲ​မှ​ရွှေ၊ ငွေ​တို့​ကို​ယူ​၍​ဧ​က​ရာဇ် မင်း​အား​လက်​ဆောင်​ပဏ္ဏာ​အ​ဖြစ်​ဆက်​သ လေ​သည်။-

9 တိ​ဂ​လတ်​ပိ​လေ​သာ​သည်​အာ​ခတ်​မင်း​၏​ပန် ကြား​ချက်​အ​ရ မိ​မိ​၏​တပ်​မ​တော်​နှင့်​အ​တူ ဒ​မာ​သက်​မြို့​ကို​ချီ​တက်​သိမ်း​ယူ​ပြီး​လျှင် ရေ​ဇိန်​မင်း​အား​လုပ်​ကြံ​၍​ပြည်​သူ​တို့​အား ကိ​ရ​မြို့​သို့​သုံ့​ပန်း​များ​အ​ဖြစ်​ဖမ်း​သွား တော်​မူ​၏။