1-2 ဧလာ၏သား၊ ဣသရေလဘုရင်ဟောရှေ၏ နန်းစံသုံးနှစ်မြောက်၌ အာခတ်၏သားတော် ဟေဇကိသည်၊ အသက်နှစ်ဆယ့်ငါးနှစ်ရှိသော အခါယုဒပြည်ဘုရင်အဖြစ်နန်းတက်၍ ယေရုရှလင်မြို့၌နှစ်ဆယ့်ကိုးနှစ်နန်းစံ လေသည်။ သူ၏မယ်တော်မှာဇာခရိ၏ သမီးအာဘိဖြစ်၏။-
3 ထိုမင်းသည်မိမိ၏ဘေးတော်ဒါဝိဒ်၏စံန မူနာကိုယူ၍ ထာဝရဘုရားနှစ်သက်တော် မူသောအမှုတို့ကိုပြု၏။-
4 သူသည်ရုပ်တုဝတ်ပြုကိုးကွယ်ရာဌာနများ ကိုဖျက်သိမ်း၍ ကျောက်တိုင်များကိုချိုးဖျက် ကာအာရှရဘုရားမအားဆက်ကပ်ပူဇော် ထားသည့်တံခွန်တိုင်တို့ကိုခုတ်လှဲ၏။ မောရှေ ပြုလုပ်ခဲ့သည့်ကြေးဝါမြွေကိုလည်း အပိုင်း ပိုင်းဖြတ်လေသည်။ ထိုမြွေရုပ်ကားနဟုတ္တန်ဟု နာမည်တွင်၍ ဣသရေလအမျိုးသားတို့ သည်ထိုအချိန်ကာလတိုင်အောင်ပင် ထိုမြွေ ရုပ်အားနံ့သာပေါင်းကိုမီးရှို့၍ပူဇော်ခဲ့ ကြသတည်း။-
5 ဟေဇကိသည်ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်ထာဝရဘုရားကိုကိုးစား သူဖြစ်၏။ ရှေးကာလမှစ၍နောင်ကာလ တိုင်အောင် ယုဒပြည်တွင်သူကဲ့သို့သော ဘုရင်တစ်ပါးမျှမပေါ်ပေါက်ချေ။-
6 သူသည်ထာဝရဘုရားအားသစ္စာစောင့်၍ ကိုယ် တော်၏စကားတော်ကိုအဘယ်အခါ၌မျှ မလွန်ဆန်။ မောရှေအားထာဝရဘုရားပေး တော်မူသောပညတ်တော်တို့ကိုသေချာစွာ စောင့်ထိန်း၏။-
7 သို့ဖြစ်၍ထာဝရဘုရားသည်သူနှင့်အတူရှိ တော်မူသဖြင့် သူသည်ပြုလေသမျှသော အမှုတို့တွင်အောင်မြင်လေသည်။ သူသည် အာရှုရိဧကရာဇ်ဘုရင်ကိုအညံ့မခံဘဲ ပုန်ကန်လေသည်။-