၄ ရာ 2:16-22 BCL

16 ``ဤ​အ​ရပ်​တွင်​အကျွန်ုပ်​တို့​လူ​ငါး​ကျိပ်​ရှိ ပါ​၏။ အ​ကျွန်ုပ်​တို့​အား​လုံး​ပင်​သန်​မာ​သူ များ​ဖြစ်​ပါ​သည်။ အ​ကျွန်ုပ်​တို့​အား အ​ရှင် ၏​သ​ခင်​ကို​သွား​ရောက်​ရှာ​ဖွေ​ခွင့်​ပြု​တော်​မူ ပါ။ ထာ​ဝရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည်​သူ့​ကို ဆောင်​ယူ​ပြီး​လျှင် တောင်​ပေါ်​ဖြစ်​စေ၊ ချိုင့်​ထဲ သို့​ဖြစ်​စေ​တစ်​နေ​ရာ​ရာ​တွင်​ချ​ထား​ကောင်း ချ​ထား​ခဲ့​ပါ​လိမ့်​မည်'' ဟု​ပြော​ကြ​၏။ဧ​လိ​ရှဲ​က``သင်​တို့​မ​သွား​ကြ​ပါ​နှင့်'' ဟု တား​မြစ်​၏။

17 သို့​ရာ​တွင်​သူ​တို့​သည်​အ​ကြိမ်​ကြိမ်​တောင်း​ပန် ကြ​သ​ဖြင့် ဧ​လိ​ရှဲ​သည်​သူ​တို့​အား​ခွင့်​ပြု​လိုက် လေ​သည်။ ထို​သူ​ငါး​ကျိပ်​တို့​သည်​သုံး​ရက်​တိုင် တိုင် တစ်​တောင်​တက်​ဆင်း​ရှာ​ဖွေ​ကြ​သော်​လည်း ဧ​လိ​ယ​ကို​မ​တွေ့​ကြ။-

18 ထို​အ​ခါ​သူ​တို့​သည်​ယေ​ရိ​ခေါ​မြို့​တွင် စောင့်​လျက် နေ​သည့်​ဧ​လိ​ရှဲ​၏​ထံ​သို့​ပြန်​လာ​ကြ​၏။ ထို​အ​ခါ ဧ​လိ​ရှဲ​က``သင်​တို့​အား​မ​သွား​ကြ​ရန်​ငါ​ပြော သည်​မ​ဟုတ်​လော'' ဟု​ဆို​လေ​၏။

19 ယေ​ရိ​ခေါ​မြို့​သား​အ​ချို့​တို့​သည် ဧ​လိ​ရှဲ​ထံ သွား​၍``အ​ရှင်၊ အ​ရှင်​သိ​တော်​မူ​သည့်​အ​တိုင်း ဤ​မြို့​သည်​သာ​ယာ​သော​မြို့​ပင်​ဖြစ်​သော်​လည်း ရေ​မ​ကောင်း​သ​ဖြင့်​နေ​ထိုင်​သူ​တို့​သား​ပျက် တတ်​ပါ​သည်'' ဟု​လျှောက်​ကြ​၏။

20 ဧ​လိ​ရှဲ​က``အိုး​သစ်​တွင်​ဆား​အ​နည်း​ငယ်​ထည့် ၍​ယူ​ခဲ့​ကြ​လော့'' ဟု​ဆို​သည့်​အ​တိုင်း​ယူ​ခဲ့​ကြ သော​အ​ခါ၊-

21 သူ​သည်​စမ်း​ရေ​တွင်း​သို့​သွား​၍​ဆား​ကို​ရေ​တွင် ခတ်​ပြီး​လျှင်``ထာ​ဝရ​ဘု​ရား​က`ငါ​သည်​ဤ​ရေ ကို​သန့်​စင်​စေ​ပြီ။ နောက်​တစ်​ဖန်​သေ​ဘေး၊ သား ပျက်​ဘေး​မ​ဖြစ်​ပွား​စေ​ရ' ဟု​မိန့်​တော်​မူ​ပြီ'' ဟူ​၍​ပြော​၏။

22 ဧ​လိ​ရှဲ​ပြော​သည့်​အ​တိုင်း​ပင်​ထို​အ​ချိန်​မှ​အ​စ ပြု​၍ ယ​နေ့​တိုင်​အောင်​ထို​ရေ​သည်​သန့်​စင်​လျက်​ရှိ သ​တည်း။