6 ထိုနောက်ဧလိယသည်ဧလိရှဲအား``ဤတွင် နေရစ်ပါလော့။ ထာဝရဘုရားသည်ငါ့အား ယော်ဒန်မြစ်သို့စေလွှတ်တော်မူသည်'' ဟု ဆို၏။သို့ရာတွင်ဧလိရှဲက``အကျွန်ုပ်သည်အရှင် နှင့်ခွဲခွာမည်မဟုတ်ကြောင်း အသက်ရှင်တော်မူ သောထာဝရဘုရားနှင့်အရှင့်အပေါ်၌ အကျွန်ုပ် ထားရှိသည့်ကျေးဇူးသစ္စာကိုတိုင်တည်၍ကျိန် ဆိုပါ၏'' ဟုပြန်ပြောလေသည်။ သို့ဖြစ်၍ သူတို့သည်ဆက်လက်ထွက်ခွာသွားကြ၏။-
7 ပရောဖက်ငါးကျိပ်တို့သည်ယော်ဒန်မြစ်အထိ လိုက်သွားကြ၏။ ဧလိယနှင့်ဧလိရှဲတို့သည် မြစ်အနီးတွင်ရပ်တန့်ကြသောအခါ ပရော ဖက်ငါးကျိပ်တို့သည်မလှမ်းမကမ်းတွင်ရပ် လျက်နေကြ၏။-
8 ထိုနောက်ဧလိယသည်မိမိ၏ဝတ်လုံကိုချွတ် ၍လိပ်ပြီးလျှင် ရေကိုရိုက်လေ၏။ ထိုအခါရေ သည်နှစ်ခြမ်းကွဲ၍သွားသဖြင့် သူတို့နှစ်ဦး သည်ခြောက်သွေ့သောမြေပေါ်တွင်လျှောက်၍ မြစ်တစ်ဘက်သို့ကူးကြ၏။-
9 ထိုအရပ်သို့ရောက်သောအခါဧလိယသည် ဧလိရှဲအား``သင်နှင့်မခွဲမခွာရမီငါ့ထံ ဆုတစ်ခုကိုတောင်းလော့'' ဟုပြော၏။ဧလိရှဲက``အရှင်၏အရိုက်အရာကိုဆက်ခံ နိုင်ရန် သားဦးရသင့်ရထိုက်သောအရှင်၏ တန်ခိုးဝေစု ကို အကျွန်ုပ်အားပေးတော်မူပါ'' ဟုတောင်း လေ၏။
10 ဧလိယက``သင်တောင်းသောဆုကိုပေးရန် မလွယ်ကူပါ။ သို့ရာတွင်သင်သည်ငါ့အားဆောင် ယူသွားသည်ကိုတွေ့မြင်ရပါလျှင် သင်တောင်း သောဆုကိုရလိမ့်မည်။ အကယ်၍သင်မတွေ့ မမြင်ရပါမူထိုဆုကိုရမည်မဟုတ်'' ဟု ဆို၏။
11 သူတို့သည်စကားပြောလျက်ဆက်လက်လျှောက် သွားကြစဉ် ရုတ်တရက်သူတို့နှစ်ယောက်၏စပ် ကြား၌ မီးမြင်းများကလျက်မီးလျှံထနေ သောရထားတစ်စီးပေါ်လာပြီးလျှင် ဧလိယ အားလေပွေဖြင့်ကောင်းကင်ဘုံသို့ဆောင်ယူ သွားလေ၏။-
12 ဧလိရှဲသည်ထိုအခြင်းအရာကိုမြင်သဖြင့် ဧလိယအား``အို အကျွန်ုပ်၏အဖ၊ အို အကျွန်ုပ် ၏အဖ၊ တန်ခိုးကြီးမား၍ဣသရေလအမျိုး သားတို့ဘက်မှခုခံကာကွယ်သောအရှင်၊ ကိုယ် တော်သည်ထွက်ခွာသွားတော်မူပါပြီတကား'' ဟုဟစ်အော်၍ပြော၏။ ထိုနောက်သူသည်ဧလိယ ကိုတစ်ဖန်ပြန်၍မတွေ့မမြင်ရတော့ချေ။ဧလိရှဲသည်ကြေကွဲဝမ်းနည်းသဖြင့် မိမိ၏ ဝတ်လုံကိုနှစ်ခြမ်းဆုတ်ဖြဲလိုက်၏။-