၄ ရာ 21:19-25 BCL

19 အာ​မုန်​သည်​အ​သက်​နှစ်​ဆယ့်​နှစ်​နှစ်​ရှိ​သော အ​ခါ ယု​ဒ​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု ရှ​လင်​မြို့​၌​နှစ်​နှစ်​မျှ​နန်း​စံ​ရ​လေ​သည်။ သူ ၏​မယ်​တော်​မှာ​ယုမ္ဘာ​မြို့​သား ဟာ​ရုပ်​၏​သ​မီး မေ​ရှု​လ​မက်​ဖြစ်​၏။-

20 အာ​မုန်​သည်​မိ​မိ​၏​ခ​မည်း​တော်​မ​နာ​ရှေ​ကဲ့ သို့​ပင် ထာ​ဝ​ရ​ဘု​ရား​အား​ပြစ်​မှား​လေ​သည်။-

21 သူ​သည်​ခ​မည်း​တော်​၏​အ​ကျင့်​များ​ကို အ​တု​ခိုး​၏။ ခ​မည်း​တော်​ကိုး​ကွယ်​သည့် ရုပ်​တု​တို့​ကို​ကိုး​ကွယ်​၏။-

22 မိ​မိ​ဘိုး​ဘေး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ ဘု​ရား​ကို​ပစ်​ပယ်​ကာ ထာ​ဝ​ရ​ဘု​ရား​၏ အ​မိန့်​တော်​တို့​ကို​လွန်​ဆန်​၏။

23 အာ​မုန်​၏​မှူး​မတ်​တို့​သည်​လျှို့​ဝှက်​ကြံ​စည် ကာ​သူ့​အား​နန်း​တော်​တွင်း​၌​လုပ်​ကြံ​ကြ​၏။-

24 ထို့​ကြောင့်​ယု​ဒ​ပြည်​သူ​တို့​က​အာ​မုန်​အား လုပ်​ကြံ​သူ​တို့​ကို​ကွပ်​မျက်​ပြီး​လျှင် သူ​၏ သား​တော်​ယော​ရှိ​အား​နန်း​တင်​ကြ​လေ သည်။

25 အာ​မုန်​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု​အ​ရာ​ရှိ သ​မျှ​ကို ယု​ဒ​ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။-