၄ ရာ 23:18-24 BCL

18 ယော​ရှိ​က``ထို​သင်္ချိုင်း​ကို​ရှိ​မြဲ​ရှိ​စေ​လော့။ သူ​၏​အ​ရိုး​တို့​ကို​မ​ရွှေ့​မ​ပြောင်း​ကြ​နှင့်'' ဟု​မိန့်​တော်​မူ​၏။သို့​ဖြစ်​၍​သူ​၏​အ​ရိုး​တို့​ကို​လည်း​ကောင်း၊ ရှမာ​ရိ မြို့​မှ​လာ​သော​ပ​ရော​ဖက်​၏​အ​ရိုး​တို့​ကို​လည်း ကောင်း​မ​ရွှေ့​မ​ပြောင်း​ဘဲ​ထား​ကြ​၏။

19 ယော​ရှိ​မင်း​သည်​ဣ​သ​ရေ​လ​ပြည်​အ​မြို့​မြို့ အ​ရွာ​ရွာ​ရှိ ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​ကို ဖြို​ဖျက်​တော်​မူ​၏။ ထို​ဌာ​န​များ​ကို​တည်​ဆောက် ခြင်း​အား​ဖြင့် ဣသ​ရေ​လ​ဘု​ရင်​တို့​သည်​ထာ​ဝရ ဘု​ရား​၏​အ​မျက်​တော်​ကို​လှုံ့​ဆော်​ခဲ့​ကြ သ​တည်း။ ယော​ရှိ​သည်​ဗေ​သ​လ​မြို့​တွင်​ပြု တော်​မူ​သ​ကဲ့​သို့ ထို​ယဇ်​ပလ္လင်​အ​ပေါင်း​တို့ ကို​လည်း​ပြု​တော်​မူ​၏။-

20 သူ​သည်​ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​တွင် အ​မှု​ထမ်း​သော​ယဇ်​ပု​ရော​ဟိတ်​အ​ပေါင်း​တို့ ကို မိ​မိ​တို့​ယဇ်​ပူ​ဇော်​သည့်​ပလ္လင်​များ​ပေါ်​တွင် တင်​၍​သတ်​ပြီး​လျှင် လူ​သေ​အရိုး​တို့​ကို​ထို ပလ္လင်​များ​အ​ပေါ်​တွင်​မီး​ရှို့​လေ​သည်။ ထို​နောက် မင်း​ကြီး​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​သွား တော်​မူ​၏။

21 ယော​ရှိ​မင်း​သည်​ပ​ဋိ​ညာဉ်​ကျမ်း​စောင်​တော်​တွင် ပါ​ရှိ​သည့်​အ​တိုင်း လူ​တို့​အား​မိ​မိ​တို့​ဘု​ရား သခင်​ထာ​ဝရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း သည့်​ပ​သ​ခါ​ပွဲ​ကျင်း​ပ​ကြ​ရန်​အ​မိန့်​ပေး တော်​မူ​၏။-

22 ဣ​သ​ရေ​လ​ပြည်​ကို​အုပ်​စိုး​ခဲ့​သော​တ​ရား​သူ ကြီး​များ​၏​လက်​ထက်​မှ​စ​၍ အ​ဘယ်​ဣ​သ​ရေ​လ ဘု​ရင်​သို့​မ​ဟုတ်​ယုဒ​ဘု​ရင်​မျှ ဤ​ပ​သ​ခါ​ပွဲ မျိုး​ကို​ကျင်း​ပ​ခဲ့​ဖူး​သည်​မ​ရှိ။-

23 ယ​ခု​ယော​ရှိ​၏​နန်း​စံ​တစ်​ဆယ့်​ရှစ်​နှစ်​မြောက် ၌ ယေ​ရု​ရှ​လင်​မြို့​တွင်​ပ​သ​ခါ​ပွဲ​ကို​ကျင်း​ပ ခြင်း​ဖြစ်​သ​တည်း။

24 ယော​ရှိ​မင်း​သည်​ဗိ​မာန်​တော်​တွင် ယဇ်​ပု​ရော​ဟိတ် မင်း​တွေ့​ရှိ​ခဲ့​သည့်​ကျမ်း​စာ​တော်​၌​ဖော်​ပြ​ထား သော​ပ​ညတ်​များ​ကို​လိုက်​နာ​ကျင့်​သုံး​ကြ​စေ​ရန် ယေ​ရု​ရှ​လင်​မြို့​နှင့်​ယု​ဒ​တစ်​ပြည်​လုံး​၌​တွေ့ ရှိ​သ​မျှ​နတ်​ဝင်​သည်​များ၊ ဗေ​ဒင်​ဆ​ရာ​များ၊ အိမ်​စောင့်​နတ်​အ​ရုပ်​များ၊ ရုပ်​တု​များ​နှင့် အ​ခြား​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဝတ္ထု​ပစ္စည်း​များ ကို​ဖယ်​ရှား​တော်​မူ​၏။-