28 ယောရှိမင်းလုပ်ဆောင်ခဲ့သည့်အခြားအမှု အရာများအကြောင်းကို ယုဒရာဇဝင်တွင် ရေးထားသတည်း။-
29 ယောရှိနန်းစံချိန်၌အီဂျစ်ဘုရင်နေခေါသည် အာရှုရိဘုရင်ကိုစစ်ကူပေးရန်တပ်မတော် နှင့်ဥဖရတ်မြစ်သို့ချီတက်လာ၏။ ယောရှိမင်း သည်အီဂျစ်တပ်မတော်ကိုမေဂိဒ္ဒေါမြို့တွင် ဆီး တားရန်ကြိုးစားရာစစ်ပွဲတွင်ကျဆုံးတော် မူ၏။-
30 သူ၏အရာရှိများသည်မင်းကြီး၏အလောင်းကို စစ်ရထားပေါ်တွင်တင်၍ ယေရုရှလင်မြို့သို့ ယူဆောင်ပြီးလျှင်ဘုရင်တို့၏သင်္ချိုင်းတော်တွင် သင်္ဂြိုဟ်ကြ၏။ ယုဒပြည်သူတို့သည်ယောရှိ၏ သားတော်ယောခတ်ကိုရွေးချယ်ကာဘိသိက် ပေး၍မင်းမြှောက်ကြလေသည်။
31 ယောခတ်သည်အသက်နှစ်ဆယ့်သုံးနှစ်ရှိသော အခါ ယုဒပြည်ဘုရင်အဖြစ်နန်းတက်၍ ယေရု ရှလင်မြို့တွင်သုံးလမျှနန်းစံရလေသည်။ သူ ၏မယ်တော်မှာ လိဗနမြို့သားယေရမိ၏ သမီးဟာမုတာလဖြစ်၏။-
32 ထိုမင်းသည်မိမိဘိုးဘေးတော်တို့၏လမ်းစဉ် ကိုလိုက်၍ ထာဝရဘုရားကိုပြစ်မှား၏။-
33 အီဂျစ်ဘုရင်နေခေါသည်သူ့အားဟာမတ် ပြည်ရိဗလမြို့၌အကျဉ်းချထားပြီးလျှင် ယုဒပြည်မှငွေအလေးချိန်ပေါင်ခုနစ်ထောင့် ငါးရာနှင့်ရွှေအလေးချိန်ခုနစ်ဆယ့်ငါးပေါင် ကို အခွန်ဘဏ္ဍာအဖြစ်တောင်းလေ၏။ ထိုအခါ မှစ၍ယောခတ်၏နန်းသက်မှာကုန်ဆုံးသွား တော့၏။-
34 နေခေါမင်းသည်ယောရှ၏သားတော်ဧလျာကိမ် အား ယောယကိမ်ဟူသောနာမည်သစ်ကိုပေး၍ ခမည်းတော်၏အရိုက်အရာ၌နန်းတင်လေ သည်။ ယောခတ်ကိုမူအီဂျစ်ပြည်သို့ခေါ်ဆောင် သွား၏။ ယောခတ်သည်ထိုပြည်၌ပင်ကွယ်လွန် လေသည်။