၄ ရာ 24:5-11 BCL

5 ယော​ယ​ကိမ်​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု အ​ရာ​ရှိ​သ​မျှ​ကို ယု​ဒ​ရာ​ဇဝင်​တွင်​ရေး​ထား သ​တည်း။-

6 ယော​ယ​ကိမ်​ကွယ်​လွန်​သော​အ​ခါ​သူ​၏​သား တော်​ယေ​ခေါ​နိ​သည် ခ​မည်း​တော်​၏​အ​ရိုက် အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​လေ​သည်။

7 အီ​ဂျစ်​ဘု​ရင်​နှင့်​သူ​၏​တပ်​မ​တော်​သည်​နောင် အ​ဘယ်​အ​ခါ​၌ အီ​ဂျစ်​ပြည်​မှ​မ​ထွက်​ခွာ​ရ ကြ​တော့​ချေ။ အ​ဘယ်​ကြောင့်​ဆို​သော်​ဥ​ဖ​ရတ် မြစ်​မှ​အီ​ဂျစ်​ပြည်​မြောက်​ဘက်​နယ်​စပ်​တိုင် အောင် အီ​ဂျစ်​ပိုင်​နယ်​မြေ​ရှိ​သ​မျှ​ကို​ဗာ​ဗု​လုန် ဘု​ရင်​က​ထိန်း​သိမ်း​အုပ်​ချုပ်​လျက်​နေ​သော ကြောင့်​ဖြစ်​၏။

8 ယေ​ခေါ​နိ​သည်​အ​သက်​တစ်​ဆယ့်​ရှစ်​နှစ်​ရှိ သော​အ​ခါ ယု​ဒ​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​သုံး​လ​မျှ​နန်း​စံ​ရ လေ​သည်။ သူ​၏​မယ်​တော်​မှာ​ယေ​ရု​ရှ​လင် မြို့​သား​ဧ​လ​နာ​သန်​၏​သ​မီး​န​ဟုတ္တ​ဖြစ်​၏။-

9 ယေ​ခေါ​နိ​သည်​မိ​မိ​ခ​မည်း​တော်​၏​လမ်း စဉ်​ကို​လိုက်​၍ ထာ​ဝ​ရ​ဘု​ရား​အား​ပြစ် မှား​၏။-

10 နေ​ဗု​ခဒ်​နေ​ဇာ​၏​တပ်​မှူး​များ​ကွပ်​ကဲ​သည့် ဗာ​ဗု​လုန်​တပ်​မ​တော်​သည် ယေ​ရု​ရှ​လင်​မြို့ ကို​ဝိုင်း​ရံ​ထား​သည်​မှာ​ယေ​ခေါ​နိ​မင်း​၏ လက်​ထက်​၌​ဖြစ်​၏။-

11 ယင်း​သို့​ဝိုင်း​ရံ​ထား​ချိန်​၌​နေ​ဗု​ခဒ်​နေ​ဇာ​ကိုယ် တိုင်​ပင် ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​ရှိ​လာ​လေ​သည်။-