8 ယေခေါနိသည်အသက်တစ်ဆယ့်ရှစ်နှစ်ရှိ သောအခါ ယုဒဘုရင်အဖြစ်နန်းတက်၍ ယေရုရှလင်မြို့တွင်သုံးလမျှနန်းစံရ လေသည်။ သူ၏မယ်တော်မှာယေရုရှလင် မြို့သားဧလနာသန်၏သမီးနဟုတ္တဖြစ်၏။-
9 ယေခေါနိသည်မိမိခမည်းတော်၏လမ်း စဉ်ကိုလိုက်၍ ထာဝရဘုရားအားပြစ် မှား၏။-
10 နေဗုခဒ်နေဇာ၏တပ်မှူးများကွပ်ကဲသည့် ဗာဗုလုန်တပ်မတော်သည် ယေရုရှလင်မြို့ ကိုဝိုင်းရံထားသည်မှာယေခေါနိမင်း၏ လက်ထက်၌ဖြစ်၏။-
11 ယင်းသို့ဝိုင်းရံထားချိန်၌နေဗုခဒ်နေဇာကိုယ် တိုင်ပင် ယေရုရှလင်မြို့သို့ရောက်ရှိလာလေသည်။-
12 ယေခေါနိမင်းသည်မိမိ၏မယ်တော်၊ သားတော် များ၊ တပ်မှူးများ၊ နန်းတော်အရာရှိများနှင့်တကွ ဗာဗုလုန်အမျိုးသားတို့ထံတွင်အညံ့ခံတော် မူရ၏။ နေဗုခဒ်နေဇာသည်မိမိ၏နန်းစံရှစ်နှစ် မြောက်၌ယေခေါနိကိုသုံ့ပန်းအဖြစ်ဖမ်းဆီး ၍၊-
13 ဗိမာန်တော်နှင့်နန်းတော်ဘဏ္ဍာရှိသမျှကို ဗာဗုလုန်ပြည်သို့သိမ်းယူသွားတော်မူ၏။ ထာဝရဘုရား၏ဗျာဒိတ်တော်အတိုင်း နေဗုခဒ်နေဇာသည် ဗိမာန်တော်တွင်သုံးရန် ရှောလမုန်မင်းပြုလုပ်ထားသည့်ရွှေတန်ဆာ ရှိသမျှကိုချွတ်ယူလေသည်။-
14 နေဗုခဒ်နေဇာသည်ယေရုရှလင်မြို့သူမြို့သား များ၊ မင်းညီမင်းသားရှိသမျှနှင့်အမျိုးသား ခေါင်းဆောင်ရှိသမျှ စုစုပေါင်းလူတစ်သောင်း ကိုသုံ့ပန်းများအဖြစ်ဖမ်းဆီးသွား၏။ သူသည် အလွန့်အလွန်ဆင်းရဲသူများကိုသာလျှင် ယုဒပြည်တွင်ချန်ထားပြီးလျှင်ပန်းပဲဆရာ များမှစ၍ အတတ်ပညာသည်အပေါင်းကို ခေါ်ဆောင်သွားလေသည်။