၄ ရာ 3:1-5 BCL

1 ယု​ဒ​ပြည်​ဘု​ရင်​ယော​ရှ​ဖတ်​၏​နန်း​စံ​တစ်​ဆယ့် ရှစ်​နှစ်​မြောက်​၌ အာ​ဟပ်​၏​သား​တော်​ယော​ရံ​သည် ဣ​သ​ရေ​လ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ရှ​မာ​ရိ​မြို့​တွင်​တစ်​ဆယ့်​နှစ်​နှစ်​စိုး​စံ​ရ​၏။-

2 သူ​သည်​ဘု​ရား​သခင်​အား​ပြစ်​မှား​သော်​လည်း မိ​မိ ၏​ခ​မည်း​တော်​သို့​မ​ဟုတ်​မယ်​တော်​ယေ​ဇ​ဗေ​လ လောက်​မ​ဆိုး​ချေ။ သူ​သည်​ခ​မည်း​တော်​တည်​လုပ် ခဲ့​သော​ဗာ​လ​ဘု​ရား​ကျောက်​တိုင်​ကို​ပယ်​ရှား လိုက်​လေ​သည်။-

3 သို့​ရာ​တွင်​မိ​မိ​အ​လျင်​အုပ်​စိုး​ခဲ့​သည့်​နေ​ဗတ် ၏​သား​ယေ​ရော​ဗောင်​မင်း​ကဲ့​သို့​ပင် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​အ​ပြစ်​ကူး​စေ​ရန်​ရှေ့ ဆောင်​လမ်း​ပြ​ပေး​လေ​သည်။ ထို​သို့​အ​ပြစ် ကူး​လွန်​မှု​ကို​အ​မြဲ​ပြု​၏။

4 မော​ဘ​ဘု​ရင်​မေ​ရှာ​သည်​သိုး​များ​ကို​မွေး​မြူ​ကာ နှစ်​စဉ်​နှစ်​တိုင်း​ဣ​သ​ရေ​လ​ဘု​ရင်​အား​သိုး​ငယ် အ​ကောင်​တစ်​သိန်း​ကို​လည်း​ကောင်း၊ သိုး​ကြီး​အ ကောင်​တစ်​သိန်း​မှ​ရ​ရှိ​သော​သိုး​မွေး​ကို​လည်း ကောင်း အ​ခွန်​ဘဏ္ဍာ​အ​ဖြစ်​ဆက်​သ​လေ့​ရှိ​၏။-

5 သို့​ရာ​တွင်​ဣ​သ​ရေ​လ​ဘု​ရင်​အာ​ဟပ်​ကွယ်​လွန် သွား​သော​အ​ခါ မေ​ရှာ​သည်​ဣ​သ​ရေ​လ​ပြည် ကို​ပုန်​ကန်​လေ​၏။-