၄ ရာ 3:5-11 BCL

5 သို့​ရာ​တွင်​ဣ​သ​ရေ​လ​ဘု​ရင်​အာ​ဟပ်​ကွယ်​လွန် သွား​သော​အ​ခါ မေ​ရှာ​သည်​ဣ​သ​ရေ​လ​ပြည် ကို​ပုန်​ကန်​လေ​၏။-

6 ယော​ရံ​မင်း​သည်​ချက်​ချင်း​ပင်​ရှ​မာ​ရိ​မြို့​မှ ထွက်​၍ စစ်​သည်​တော်​တို့​ကို​စု​ရုံး​၏။-

7 ယု​ဒ​ဘု​ရင်​ယော​ရှ​ဖတ်​ထံ​သို့​သံ​တ​မန်​စေ လွှတ်​၍``မော​ဘ​မင်း​သည်​အ​ကျွန်ုပ်​ကို​ပုန်​ကန် လေ​ပြီ။ သို့​ဖြစ်​၍​သူ့​အား​တိုက်​ခိုက်​ရန်​အ​ဆွေ တော်​သည် အ​ကျွန်ုပ်​နှင့်​အ​တူ​စစ်​ပွဲ​ဝင်​ပါ မည်​လော'' ဟု​မေး​မြန်း​၏။ယော​ရှ​ဖတ်​က``ကျွန်ုပ်​ဝင်​ပါ​မည်။ ကျွန်ုပ်​သည် အ​ဆွေ​တော်​ခိုင်း​ရာ​ကို​ပြု​ရန်​အ​သင့်​ရှိ​ပါ သည်။ ကျွန်ုပ်​၏​စစ်​သည်​တော်​များ၊ မြင်း​များ သည်​လည်း​အ​ဆွေ​တော်​၏​စစ်​သည်၊ မြင်း​များ ကဲ့​သို့​ဖြစ်​ပါ​၏။-

8 တိုက်​ခိုက်​ရန်​အ​ဘယ်​လမ်း​ဖြင့်​ချီတက်​ကြ​ပါ​မည် နည်း'' ဟု​မေး​၏။ယော​ရံ​က``ကျွန်ုပ်​တို့​သည်​ဧ​ဒုံ​တော​ကန္တာ​ရ​လမ်း​ကို ဖြတ်​၍ လမ်း​ရှည်​ဖြင့်​ချီ​တက်​ကြ​ပါ​မည်'' ဟု​ဖြေ ကြား​၏။

9 သို့​ဖြစ်​၍​ဣသ​ရေ​လ​ဘု​ရင်၊ ယု​ဒ​ဘု​ရင်​နှင့်​ဧဒုံ ဘု​ရင်​တို့​သည်​ထွက်​ခွာ​သွား​ကြ​ရာ ခု​နစ်​ရက်​မျှ ကြာ​သော​အ​ခါ​တပ်​သား​များ​အ​တွက်​သော် လည်း​ကောင်း၊ ဝန်​တင်​တိ​ရစ္ဆာန်​များ​အ​တွက်​သော် လည်း​ကောင်း​သောက်​သုံး​ရန်​ရေ​ကုန်​သွား​သ​ဖြင့်၊-

10 ယော​ရံ​မင်း​က``ငါ​တို့​အ​ခက်​ကြုံ​ပြီ။ ထာ​ဝ​ရ ဘု​ရား​သည် ငါ​တို့​မင်း​သုံး​ပါး​ကို​မော​ဘ​ဘု​ရင် ၏​လက်​သို့​အပ်​တော်​မူ​လေ​ပြီ​တ​ကား'' ဟု​ဆို​၏။

11 ယော​ရှ​ဖတ်​မင်း​က``ထာ​ဝရ​ဘု​ရား​အား​မေး လျှောက်​ပေး​မည့်​ပ​ရော​ဖက်​တစ်​ပါး​မျှ ဤ​အ​ရပ် တွင်​မ​ရှိ​ပါ​သ​လော'' ဟု​မေး​၏။ယော​ရံ​၏​တပ်​များ​မှ​တပ်​မှူး​တစ်​ယောက်​က``ရှာ ဖတ်​၏​သား​ဧ​လိ​ရှဲ​ရှိ​ပါ​သည်။ သူ​သည်​ဧ​လိ​ယ ၏​လက်​ထောက်​ဖြစ်​ခဲ့​ဖူး​ပါ​၏'' ဟု​လျှောက်​လေ​၏။