12 သူသည်မိမိ၏အစေခံဂေဟာဇိအား အိမ်ရှင် အမျိုးသမီးကိုအခေါ်ခိုင်းလေသည်။ ထို အမျိုးသမီးရောက်ရှိလာသောအခါ၊-
13 ဂေဟာဇိအား``ဤအမျိုးသမီးသည် ငါတို့ အားဤမျှဒုက္ခခံ၍လုပ်ကျွေးပြုစုသည့် အတွက် ငါတို့အဘယ်သို့ကျေးဇူးတုံ့ပြန် ရပါမည်နည်း။ သူ့အားမေးကြည့်ပါလော့။ သူသည်မိမိ၏အတွက်ငါ့အားဘုရင့်ထံ တော်သို့သော်လည်းကောင်း၊ တပ်မတော်ဗိုလ်ချုပ် ထံသို့သော်လည်းကောင်း သွားရောက်ပြောကြား ပေးရန်အလိုရှိကောင်းရှိပေလိမ့်မည်'' ဟု ဆို၏။ထိုအခါအမျိုးသမီးက``ကျွန်မသည်ဤ အရပ်တွင် ဆွေမျိုးများနှင့်နေရသဖြင့်ကျွန်မ မှာလိုလေသေးမရှိပါ'' ဟုပြန်ပြော၏။
14 ထိုနောက်ဧလိရှဲသည်ဂေဟာဇိအား``ထိုအမျိုး သမီးကို ငါတို့အဘယ်သို့ကျေးဇူးပြုပါမည် နည်း'' ဟုမေးပြန်၏။ဂေဟာဇိက``သူမှာသားသမီးမရှိပါ။ သူ၏ ခင်ပွန်းသည်လည်းအိုမင်းပါပြီ'' ဟုဆို၏။
15 ဧလိရှဲက``ထိုအမျိုးသမီးကို ဤနေရာသို့ ခေါ်ခဲ့လော့'' ဟုအမိန့်ရှိသည့်အတိုင်း အမျိုး သမီးသည်လာ၍တံခါးဝတွင်ရပ်လျက်နေ၏။-
16 ထိုအခါဧလိရှဲက``သင်သည်နောင်နှစ်ခါ ဤအချိန်၌သားကိုချီပိုက်ရလိမ့်မည်'' ဟုပြော၏။အမျိုးသမီးက``အို အရှင်၊ ကျွန်မအားလိမ် လည်၍မပြောပါနှင့်။ အရှင်သည်ဘုရားသခင် ၏အစေခံဖြစ်ပါ၏'' ဟုပြန်ပြော၏။
17 သို့ရာတွင်နောင်တစ်နှစ်ဤအချိန်လောက်၌ အမျိုး သမီးသည်သားယောကျာ်းကိုဖွားမြင်လေသည်။
18 နှစ်အနည်းငယ်ကြာသောအခါကောက်ရိတ်ချိန် တစ်ခုသောနံနက်ခင်း၌ သူငယ်သည်လယ်ထဲ တွင်ကောက်ရိတ်သမားများနှင့်အတူရှိသည့် ဖခင်ထံသို့သွားရောက်ပြီးနောက်၊-