၄ ရာ 4:18-24 BCL

18 နှစ်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​ကောက်​ရိတ်​ချိန် တစ်​ခု​သော​နံ​နက်​ခင်း​၌ သူ​ငယ်​သည်​လယ်​ထဲ တွင်​ကောက်​ရိတ်​သ​မား​များ​နှင့်​အ​တူ​ရှိ​သည့် ဖ​ခင်​ထံ​သို့​သွား​ရောက်​ပြီး​နောက်၊-

19 ရုတ်​တ​ရက်``ခေါင်း​ကိုက်​သည်၊ ခေါင်း​ကိုက်​သည်၊'' ဟု ဆို​၏။သို့​ဖြစ်​၍​ဖ​ခင်​သည် အ​စေ​ခံ​တစ်​ယောက်​အား``ဤ သူ​ငယ်​ကို​ချီ​၍​သူ​၏​မိ​ခင်​ထံ​သို့​ပို့​လော့'' ဟု အ​မိန့်​ပေး​၏။-

20 အ​စေ​ခံ​သည်​လည်း​သူ​ငယ်​ကို​ချီ​၍ သူ​၏​မိ​ခင် ထံ​သို့​ပို့​၏။ မိ​ခင်​သည်​သား​ငယ်​ကို​မွန်း​တည့်​ချိန် တိုင်​အောင် မိ​မိ​၏​ပေါင်​ပေါ်​တွင်​တင်​ထား​၏။ ထို အ​ချိန်​၌​သူ​ငယ်​သေ​ဆုံး​သွား​လေ​သည်။-

21 ထို့​ကြောင့်​မိ​ခင်​သည်​သူ့​ကို​ဧ​လိ​ရှဲ​၏​အ​ခန်း သို့​ပွေ့​ချီ​ကာ ကု​တင်​ပေါ်​မှာ​တင်​ပြီး​နောက် တံ​ခါး​ကို​ပိတ်​ထား​၏။-

22 ထို​နောက်​မိ​မိ​၏​ခင်​ပွန်း​ကို​ခေါ်​၍``ပ​ရော​ဖက် ဧ​လိ​ရှဲ​ထံ​သို့​ကျွန်​မ​သွား​ရ​ပါ​မည်။ အ​စေ​ခံ တစ်​ယောက်​နှင့်​မြည်း​တစ်​ကောင်​ကို​ကျွန်​မ​ထံ သို့​စေ​လွှတ်​ပေး​ပါ'' ဟု​ပြော​၏။

23 ခင်​ပွန်း​ဖြစ်​သူ​က``အ​ဘယ်​ကြောင့်​ယ​နေ့​သွား လို​ပါ​သ​နည်း။ ယ​နေ့​သည်​ဥ​ပုသ်​နေ့​မ​ဟုတ်။ လဆန်း​ပွဲ​နေ့​လည်း​မ​ဟုတ်'' ဟု​ဆို​၏။ဇ​နီး​ဖြစ်​သူ​က``ယင်း​သို့​ပင်​မ​ဟုတ်​သော်​လည်း ကိစ္စ​မ​ရှိ​ပါ'' ဟု​ပြန်​ပြော​၏။-

24 ထို​နောက်​သူ​သည်​မြည်း​ကို​ကုန်း​နှီး​တင်​စေ​ပြီး လျှင် အ​စေ​ခံ​အား``မြည်း​ကို​အ​မြန်​ဆုံး​မောင်း နှင်​ပေး​ပါ။ ငါ​အ​မိန့်​မ​ပေး​ဘဲ​အ​သွား​မ​နှေး စေ​နှင့်'' ဟု​မှာ​ကြား​ထား​၏။-