၄ ရာ 4:20-26 BCL

20 အ​စေ​ခံ​သည်​လည်း​သူ​ငယ်​ကို​ချီ​၍ သူ​၏​မိ​ခင် ထံ​သို့​ပို့​၏။ မိ​ခင်​သည်​သား​ငယ်​ကို​မွန်း​တည့်​ချိန် တိုင်​အောင် မိ​မိ​၏​ပေါင်​ပေါ်​တွင်​တင်​ထား​၏။ ထို အ​ချိန်​၌​သူ​ငယ်​သေ​ဆုံး​သွား​လေ​သည်။-

21 ထို့​ကြောင့်​မိ​ခင်​သည်​သူ့​ကို​ဧ​လိ​ရှဲ​၏​အ​ခန်း သို့​ပွေ့​ချီ​ကာ ကု​တင်​ပေါ်​မှာ​တင်​ပြီး​နောက် တံ​ခါး​ကို​ပိတ်​ထား​၏။-

22 ထို​နောက်​မိ​မိ​၏​ခင်​ပွန်း​ကို​ခေါ်​၍``ပ​ရော​ဖက် ဧ​လိ​ရှဲ​ထံ​သို့​ကျွန်​မ​သွား​ရ​ပါ​မည်။ အ​စေ​ခံ တစ်​ယောက်​နှင့်​မြည်း​တစ်​ကောင်​ကို​ကျွန်​မ​ထံ သို့​စေ​လွှတ်​ပေး​ပါ'' ဟု​ပြော​၏။

23 ခင်​ပွန်း​ဖြစ်​သူ​က``အ​ဘယ်​ကြောင့်​ယ​နေ့​သွား လို​ပါ​သ​နည်း။ ယ​နေ့​သည်​ဥ​ပုသ်​နေ့​မ​ဟုတ်။ လဆန်း​ပွဲ​နေ့​လည်း​မ​ဟုတ်'' ဟု​ဆို​၏။ဇ​နီး​ဖြစ်​သူ​က``ယင်း​သို့​ပင်​မ​ဟုတ်​သော်​လည်း ကိစ္စ​မ​ရှိ​ပါ'' ဟု​ပြန်​ပြော​၏။-

24 ထို​နောက်​သူ​သည်​မြည်း​ကို​ကုန်း​နှီး​တင်​စေ​ပြီး လျှင် အ​စေ​ခံ​အား``မြည်း​ကို​အ​မြန်​ဆုံး​မောင်း နှင်​ပေး​ပါ။ ငါ​အ​မိန့်​မ​ပေး​ဘဲ​အ​သွား​မ​နှေး စေ​နှင့်'' ဟု​မှာ​ကြား​ထား​၏။-

25 သို့​ဖြစ်​၍​အ​မျိုး​သ​မီး​သည်​ဧ​လိ​ရှဲ​ရှိ​ရာ ကာ​ရ မေ​လ​တောင်​ထိပ်​သို့​ထွက်​ခွာ​သွား​လေ​သည်။သူ့​ကို​အ​ဝေး​မှ​လာ​နေ​သည်​ကို​ဧ​လိ​ရှဲ​မြင်​နေ သ​ဖြင့် မိ​မိ​၏​အ​စေ​ခံ​ဂေ​ဟာ​ဇိ​အား``ရှု​နင်​မြို့ သူ​လာ​နေ​ပါ​သည်​တ​ကား။-

26 သူ့​ထံ​သို့​အ​လျင်​အ​မြန်​သွား​၍`ကိုယ်​တိုင်​မာ ၏​လော၊ ခင်​ပွန်း​မာ​၏​လော၊ သား​ငယ်​မာ​၏​လော၊' ဟု​မေး​မြန်း​လော့'' ဟု​ဆို​၏။အ​မျိုး​သ​မီး​သည်​ဂေ​ဟာ​ဇိ​အား``ကျန်း​မာ​ပါ သည်'' ဟု​ပြန်​ပြော​၏။-