22 ဂေဟာဇိက``မရှိပါ။ သို့ရာတွင်ကျွန်တော်၏သခင် က ယခုပင်ဧဖရိမ်တောင်ကုန်းဒေသမှပရောဖက် နှစ်ပါးရောက်ရှိလာသဖြင့် သူတို့အတွက်ငွေသား သုံးထောင်နှင့်ဝတ်စုံနှစ်စုံကိုအရှင့်ထံမှတောင်းခံ ရန် ကျွန်တော်အားစေလွှတ်လိုက်ပါသည်'' ဟုဖြေ၏။
23 နေမန်က``ကျေးဇူးပြု၍ငွေသားခြောက်ထောင်ယူ ပါလော့'' ဟုတိုက်တွန်းပြီးလျှင်ထိုငွေကိုအိတ်နှစ် လုံးတွင်ထည့်၍ ဝတ်စုံနှစ်စုံနှင့်အတူမိမိ၏ အစေခံနှစ်ယောက်အားပေးအပ်ကာဂေဟာဇိ ရှေ့မှထမ်းယူသွားစေ၏။-
24 သူတို့သည်ဧလိရှဲနေထိုင်ရာတောင်ကုန်းသို့ရောက် သောအခါ ဂေဟာဇိသည်အိတ်နှစ်လုံးကိုယူ၍အိမ် ထဲသို့သယ်ဆောင်သွားလေသည်။ ထိုနောက်နေမန်၏ အစေခံများအားပြန်၍လွှတ်လိုက်၏။-
25 သူသည်အိမ်ထဲသို့ပြန်၍ဝင်လာသောအခါဧလိ ရှဲက``အဘယ်သို့သွားနေပါသနည်း'' ဟုမေး၏။ဂေဟာဇိက``အရှင်၊ ကျွန်တော်အဘယ်ကိုမျှ မသွားပါ'' ဟုပြန်ပြော၏။
26 သို့ရာတွင်ဧလိရှဲက``သင်နှင့်တွေ့ဆုံရန်ထိုသူ ရထားပေါ်မှဆင်းရာအရပ်သို့ ငါ၏စိတ်ဝိညာဉ် သည်ရောက်ရှိခဲ့သည်မဟုတ်လော။ ဤအချိန်သည် ငွေ၊ အထည်၊ သံလွင်ဥယျာဉ်၊ စပျစ်ဥယျာဉ်၊ သိုး၊ နွား၊ အစေခံများကိုခံယူရန်အချိန်မဟုတ်။-
27 ယခုနေမန်၏ရောဂါသည်သင့်အပေါ်သို့သက် ရောက်၍ သင်နှင့်သင့်သားမြေးတို့၌ထာဝစဉ်စွဲ ကပ်နေလိမ့်မည်'' ဟုဆို၏။ ဂေဟာဇိထွက်သွား ချိန်၌ထိုရောဂါစွဲကပ်သဖြင့် သူ၏ကိုယ်သည် မိုးပွင့်ကဲ့သို့ဖြူလျက်နေ၏။