၄ ရာ 6:1-7 BCL

1 ဧ​လိ​ရှဲ​၏​လက်​အောက်​ခံ​ပ​ရော​ဖက်​တစ်​စု က``အ​ကျွန်ုပ်​တို့​နေ​ထိုင်​သည့်​အ​ဆောင်​သည် အ​လွန်​ပင်​ကျဉ်း​ပါ​သည်။-

2 အ​ဆောင်​သစ်​တစ်​ဆောင်​ဆောက်​လုပ်​နိုင်​ရန် အ​ကျွန်ုပ်​တို့​သည်​ယော်​ဒန်​မြစ်​နား​သို့​သွား​၍ သစ်​ပင်​ခုတ်​လှဲ​ပါ​ရ​စေ'' ဟု​အ​ခွင့်​တောင်း​ကြ​၏။ဧ​လိ​ရှဲ​က``ကောင်း​ပြီ'' ဟု​ဆို​၏။

3 ပ​ရော​ဖက်​တစ်​ပါး​က​ဧ​လိ​ရှဲ​အား မိ​မိ​တို့​နှင့် အ​တူ​လိုက်​ရန်​တိုက်​တွန်း​သည့်​အ​တိုင်း ဧ​လိ​ရှဲ သည်​သ​ဘော​တူ​သ​ဖြင့်၊-

4 သူ​တို့​သည်​အ​တူ​တ​ကွ​သွား​ကြ​လေ​သည်။ သူ​တို့​သည်​ယော်​ဒန်​မြစ်​သို့​ရောက်​သော​အ​ခါ အ​လုပ်​ကို​စ​ကြ​၏။-

5 သူ​တို့​အ​ထဲ​မှ​လူ​တစ်​ယောက်​သည်​သစ်​ပင် ကို​ခုတ်​လှဲ​နေ​စဉ် သူ​၏​ပု​ဆိန်​သည်​ရေ​ထဲ​သို့ ကျ​သွား​၏။ ထို​အ​ခါ​သူ​သည်​ဧ​လိ​ရှဲ​အား``အ ရှင်၊ အ​ကျွန်ုပ်​အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း။ ထို​ပု​ဆိန်​သည်​ငှား​ယူ​ခဲ့​သော​ပု​ဆိန်​ဖြစ် ပါ​၏'' ဟု​ဟစ်​အော်​၍​ပြော​၏။

6 ဧ​လိ​ရှဲ​က``ပု​ဆိန်​အ​ဘယ်​မှာ​ကျ​သ​နည်း'' ဟု မေး​လျှင်ထို​သူ​သည်​ကျ​သည့်​နေ​ရာ​ကို​ပြ​၏။ ဧ​လိ​ရှဲ သည်​တုတ်​တစ်​ချောင်း​ကို​ခုတ်​၍​ရေ​ထဲ​သို့​ပစ် ချ​ကာ ပု​ဆိန်​ကို​ပေါ​လော​ပေါ်​စေ​ပြီး​နောက်၊-

7 ``ထို​ပု​ဆိန်​ကို​ဆယ်​ယူ​လော့'' ဟု​ဆို​၏။ ထို​သူ သည်​လည်း​လက်​ကို​ဆန့်​၍​ပု​ဆိန်​ကို​ဆယ်​ယူ လိုက်​လေ​သည်။