22 ဧလိရှဲက``မသတ်ပါနှင့်။ တိုက်ပွဲတွင်ဖမ်းဆီးရ မိသည့်စစ်သည်များကိုပင်လျှင်သတ်ရသည်မ ဟုတ်ပါ။ သူတို့အားစားသောက်ဖွယ်ရာများကို ကျွေးမွေး၍ သူတို့၏ဘုရင်ထံသို့ပြန်ခွင့်ပေး တော်မူပါ'' ဟုဆို၏။-
23 သို့ဖြစ်၍ဣသရေလဘုရင်သည်စားပွဲကြီး ခင်းကျင်း၍ သူတို့အားစားသောက်စေပြီး သောအခါ ရှုရိဘုရင်ထံသို့ပြန်စေတော် မူ၏။ ထိုနေ့မှအစပြု၍ရှုရိအမျိုးသား တို့သည် ဣသရေလပြည်ကိုတိုက်ခိုက်လုယက် မှုမပြုဝံ့ကြတော့ချေ။
24 ကာလအနည်းငယ်ကြာသောအခါရှုရိဘုရင် ဗင်္ဟာဒဒ်သည် ဣသရေလပြည်သို့မိမိ၏တပ်မ တော်တစ်ခုလုံးနှင့်ချီတက်၍ရှမာရိမြို့ကို ဝိုင်းရံထားသဖြင့်၊-
25 မြည်းခေါင်းတစ်လုံးကိုငွေသားရှစ်ဆယ်ဖြင့် လည်းကောင်း၊ ခိုချေး အစိတ်သားကိုငွေသားငါးခုဖြင့်လည်းကောင်း ဝယ်ယူရသည့်တိုင်အောင်ထိုမြို့တွင်အစာ ခေါင်းပါး၏။
26 ဣသရေလဘုရင်သည်မြို့ရိုးပေါ်တွင်လမ်းလျှောက် သွားစဉ် အမျိုးသမီးတစ်ယောက်က``အရှင်မင်း ကြီး၊ ကျွန်တော်မအားကယ်တော်မူပါ'' ဟုဟစ် အော်လေသည်။
27 မင်းကြီးက``သင့်အားထာဝရဘုရားကယ်တော် မမူလျှင် ငါအဘယ်သို့ကယ်နိုင်ပါမည်နည်း။ ငါ့မှာဂျုံဆန်သော်လည်းကောင်း၊ စပျစ်ရည် သော်လည်းကောင်းရှိပါသလော။-
28 သင်၏အခက်အခဲကားအဘယ်သို့နည်း'' ဟုမေးတော်မူ၏။အမျိုးသမီးက``ဤမိန်းမသည်ယမန်နေ့က`သင် ၏သားကိုငါတို့ယနေ့စားကြပြီးလျှင် နောက် တစ်နေ့၌ငါ၏သားကိုစားကြပါမည်' ဟု ကျွန်တော်မအားပြောပါ၏။-