၄ ရာ 6:26-32 BCL

26 ဣသ​ရေ​လ​ဘု​ရင်​သည်​မြို့​ရိုး​ပေါ်​တွင်​လမ်း​လျှောက် သွား​စဉ် အ​မျိုး​သ​မီး​တစ်​ယောက်​က``အ​ရှင်​မင်း ကြီး၊ ကျွန်​တော်​မ​အား​ကယ်​တော်​မူ​ပါ'' ဟု​ဟစ် အော်​လေ​သည်။

27 မင်း​ကြီး​က``သင့်​အား​ထာ​ဝရ​ဘု​ရား​ကယ်​တော် မ​မူ​လျှင် ငါ​အ​ဘယ်​သို့​ကယ်​နိုင်​ပါ​မည်​နည်း။ ငါ့​မှာ​ဂျုံ​ဆန်​သော်​လည်း​ကောင်း၊ စ​ပျစ်​ရည် သော်​လည်း​ကောင်း​ရှိ​ပါ​သ​လော။-

28 သင်​၏​အ​ခက်​အ​ခဲ​ကား​အ​ဘယ်​သို့​နည်း'' ဟု​မေး​တော်​မူ​၏။အ​မျိုး​သ​မီး​က``ဤ​မိန်း​မ​သည်​ယ​မန်​နေ့​က`သင် ၏​သား​ကို​ငါ​တို့​ယ​နေ့​စား​ကြ​ပြီး​လျှင် နောက် တစ်​နေ့​၌​ငါ​၏​သား​ကို​စား​ကြ​ပါ​မည်' ဟု ကျွန်​တော်​မ​အား​ပြော​ပါ​၏။-

29 သို့​ဖြစ်​၍​ကျွန်​တော်​မ​၏​သား​ကို​ချက်​ပြုတ်​စား ကြ​ပြီး​လျှင် နောက်​တစ်​နေ့​၌​ကျွန်​တော်​မ​က သူ​၏​သား​ကို​စား​ရန်​ပြော​သော​အ​ခါ သူ​သည် က​လေး​ကို​ဝှက်​ထား​ပါ​သည်'' ဟု​လျှောက်​၏။

30 ဤ​အ​ကြောင်း​ကို​ကြား​သော​အ​ခါ​မင်း​ကြီး​သည် ဝမ်း​နည်း​စိတ်​ပျက်​လျက် မိ​မိ​၏​အ​ဝတ်​တော်​ကို ဆုတ်​သ​ဖြင့် ထို​အ​ဝတ်​တော်​အောက်​တွင်​ဝတ်​ဆင် ထား​သော​လျှော်​တေ​ကို​မြို့​ရိုး​အ​နီး​ရှိ​လူ​တို့ တွေ့​မြင်​ရ​ကြ​လေ​သည်။-

31 မင်း​ကြီး​က``ယ​နေ့​နေ​မ​ဝင်​မီ​ဧ​လိ​ရှဲ​ဦး​ခေါင်း မ​ပြတ်​လျှင် ထာ​ဝရ​ဘု​ရား​သည်​ငါ့​အား​အ​ဆုံး စီ​ရင်​တော်​မူ​ပါ​စေ​သော'' ဟု​ကျိန်​ဆို​တော်​မူ ပြီး​နောက်၊-

32 ဧ​လိ​ရှဲ​အား​ဖမ်း​ဆီး​ရန်​လူ​တစ်​ယောက်​ကို စေ​လွှတ်​တော်​မူ​၏။ဤ​အ​တော​အ​တွင်း​၌​ဧ​လိ​ရှဲ​သည်​မိ​မိ​ထံ​သို့ အ​လည်​အ​ပတ်​လာ​သော​အ​မျိုး​သား​အ​ကြီး အ​ကဲ​များ​နှင့်​အ​တူ မိ​မိ​၏​အိမ်​တွင်​ရှိ​လေ သည်။ မင်း​ကြီး​၏​စေ​တ​မန်​မ​ရောက်​လာ​မီ ဧ​လိ​ရှဲ​က ထို​အ​ကြီး​အကဲ​တို့​အား``လူ​သတ် သ​မား​သည် ငါ့​အား​သတ်​ရန်​လူ​တစ်​ယောက် ကို​စေ​လွှတ်​လေ​ပြီ။ သို့​ဖြစ်​၍​ထို​သူ​ရောက်​လာ သော​အ​ခါ​တံ​ခါး​ကို​ပိတ်​ထား​ကြ​လော့။ သူ့ အား​အ​ထဲ​သို့​ဝင်​ခွင့်​မ​ပြု​ကြ​နှင့်။ မင်း​ကြီး ကိုယ်​တိုင်​ပင်​လျှင်​သူ​၏​နောက်​မှ​လိုက်​လာ လိမ့်​မည်'' ဟု​ပြော​၏။-