၄ ရာ 6:5-11 BCL

5 သူ​တို့​အ​ထဲ​မှ​လူ​တစ်​ယောက်​သည်​သစ်​ပင် ကို​ခုတ်​လှဲ​နေ​စဉ် သူ​၏​ပု​ဆိန်​သည်​ရေ​ထဲ​သို့ ကျ​သွား​၏။ ထို​အ​ခါ​သူ​သည်​ဧ​လိ​ရှဲ​အား``အ ရှင်၊ အ​ကျွန်ုပ်​အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း။ ထို​ပု​ဆိန်​သည်​ငှား​ယူ​ခဲ့​သော​ပု​ဆိန်​ဖြစ် ပါ​၏'' ဟု​ဟစ်​အော်​၍​ပြော​၏။

6 ဧ​လိ​ရှဲ​က``ပု​ဆိန်​အ​ဘယ်​မှာ​ကျ​သ​နည်း'' ဟု မေး​လျှင်ထို​သူ​သည်​ကျ​သည့်​နေ​ရာ​ကို​ပြ​၏။ ဧ​လိ​ရှဲ သည်​တုတ်​တစ်​ချောင်း​ကို​ခုတ်​၍​ရေ​ထဲ​သို့​ပစ် ချ​ကာ ပု​ဆိန်​ကို​ပေါ​လော​ပေါ်​စေ​ပြီး​နောက်၊-

7 ``ထို​ပု​ဆိန်​ကို​ဆယ်​ယူ​လော့'' ဟု​ဆို​၏။ ထို​သူ သည်​လည်း​လက်​ကို​ဆန့်​၍​ပု​ဆိန်​ကို​ဆယ်​ယူ လိုက်​လေ​သည်။

8 ရှု​ရိ​ဘု​ရင်​သည်​ဣ​သ​ရေ​လ​ပြည်​နှင့်​စစ်​ဖြစ် နေ​ချိန်​၌ မိ​မိ​၏​တပ်​မှူး​များ​နှင့်​တိုင်​ပင်​၍ တပ်​စ​ခန်း​ချ​ရန်​နေ​ရာ​ကို​ရွေး​ချယ်​၏။-

9 သို့​ရာ​တွင်​ဧ​လိ​ရှဲ​က​ဣသ​ရေ​လ​ဘု​ရင်​အား``ဤ မည်​သော​နေ​ရာ​တွင်​ရှု​ရိ​အ​မျိုး​သား​တို့​သည် ခြုံ ခို​တိုက်​ခိုက်​ရန်​စောင့်​လျက်​နေ​ကြ​ပါ​သည်။ သို့ ဖြစ်​၍​ထို​နေ​ရာ​သို့​မ​သွား​ပါ​နှင့်'' ဟု​လူ​လွှတ် ၍​သ​တိ​ပေး​လေ​သည်။-

10 ထို့​ကြောင့်​ဣသ​ရေ​လ​ဘု​ရင်​သည်​ထို​အ​ရပ်​တွင် နေ​ထိုင်​သူ​တို့​အား ကြို​တင်​သ​တိ​ပေး​၍​သ​တိ ဝိ​ရိ​ယ​နှင့်​စောင့်​နေ​စေ​၏။ ဤ​သို့​ဖြစ်​ပျက်​သည် မှာ​အ​ကြိမ်​ကြိမ်​အ​ဖန်​ဖန်​ပင်​ဖြစ်​သ​တည်း။

11 ရှု​ရိ​ဘု​ရင်​သည်​လွန်​စွာ​စိတ်​ပူ​ပန်​သ​ဖြင့် မိ​မိ​၏ တပ်​မှူး​များ​ကို​ခေါ်​၍``သင်​တို့​အ​နက်​အ​ဘယ် သူ​သည် ဣ​သ​ရေ​လ​ဘု​ရင်​ဘက်​သို့​ပါ​နေ​သ​နည်း'' ဟု​မေး​တော်​မူ​၏။