၄ ရာ 6:9-15 BCL

9 သို့​ရာ​တွင်​ဧ​လိ​ရှဲ​က​ဣသ​ရေ​လ​ဘု​ရင်​အား``ဤ မည်​သော​နေ​ရာ​တွင်​ရှု​ရိ​အ​မျိုး​သား​တို့​သည် ခြုံ ခို​တိုက်​ခိုက်​ရန်​စောင့်​လျက်​နေ​ကြ​ပါ​သည်။ သို့ ဖြစ်​၍​ထို​နေ​ရာ​သို့​မ​သွား​ပါ​နှင့်'' ဟု​လူ​လွှတ် ၍​သ​တိ​ပေး​လေ​သည်။-

10 ထို့​ကြောင့်​ဣသ​ရေ​လ​ဘု​ရင်​သည်​ထို​အ​ရပ်​တွင် နေ​ထိုင်​သူ​တို့​အား ကြို​တင်​သ​တိ​ပေး​၍​သ​တိ ဝိ​ရိ​ယ​နှင့်​စောင့်​နေ​စေ​၏။ ဤ​သို့​ဖြစ်​ပျက်​သည် မှာ​အ​ကြိမ်​ကြိမ်​အ​ဖန်​ဖန်​ပင်​ဖြစ်​သ​တည်း။

11 ရှု​ရိ​ဘု​ရင်​သည်​လွန်​စွာ​စိတ်​ပူ​ပန်​သ​ဖြင့် မိ​မိ​၏ တပ်​မှူး​များ​ကို​ခေါ်​၍``သင်​တို့​အ​နက်​အ​ဘယ် သူ​သည် ဣ​သ​ရေ​လ​ဘု​ရင်​ဘက်​သို့​ပါ​နေ​သ​နည်း'' ဟု​မေး​တော်​မူ​၏။

12 တပ်​မှူး​တစ်​ယောက်​က``အ​ရှင်​မင်း​ကြီး၊ အ​ဘယ် သူ​မျှ​မ​ပါ​ပါ။ ပ​ရော​ဖက်​ဧ​လိ​ရှဲ​သည်​အ​ရှင် ၏​အိမ်​ခန်း​တွင်​တီး​တိုး​ပြော​သည့်​စ​ကား​ကို ပင် ဣသ​ရေ​လ​ဘု​ရင်​အား​သံ​တော်​ဦး​တင် ပါ​၏'' ဟု​လျှောက်​၏။

13 မင်း​ကြီး​က``ထို​သူ​အ​ဘယ်​မှာ​ရှိ​သည်​ကို စုံ​စမ်း​ကြ​လော့။ သူ့​အား​ငါ​ဖမ်း​ဆီး​မည်'' ဟု​မိန့်​တော်​မူ​၏။မင်း​ကြီး​သည်​ဒေါ​သန်​မြို့​တွင်​ဧ​လိ​ရှဲ​ရှိ​နေ ကြောင်း ကြား​သိ​တော်​မူ​သော​အ​ခါ-

14 မြင်း​စီး​သူ​ရဲ​များ၊ စစ်​ရ​ထား​များ​နှင့်​စစ်​သည် ဗိုလ်​ခြေ​တို့​ကို​ထို​အ​ရပ်​သို့​စေ​လွှတ်​တော်​မူ​၏။ သူ​တို့​သည်​ညဥ့်​အ​ချိန်​၌​ရောက်​ရှိ​လာ​ကာ​ထို မြို့​ကို​ဝိုင်း​ရံ​ထား​ကြ​၏။-

15 နောက်​တစ်​နေ့​နံ​နက်​စော​စော​၌​ဧ​လိ​ရှဲ​၏ အ​စေ​ခံ​သည်​ထ​၍​အိမ်​ပြင်​သို့​ထွက်​လိုက်​ရာ မြို့​ကို​ဝိုင်း​ရံ​ထား​သော​ရှု​ရိ​တပ်​သား​များ​နှင့် တ​ကွ​မြင်း​စီး​သူ​ရဲ​များ၊ စစ်​ရ​ထား​များ​ကို မြင်​လေ​၏။ သူ​သည်​ဧ​လိ​ရှဲ​ထံ​သို့​ပြန်​လာ​ပြီး လျှင်``ကျွန်​တော်​တို့​ခက်​ချေ​ပြီ။ အ​ဘယ်​သို့​ပြု ရ​ကြ​ပါ​မည်​နည်း'' ဟု​ဟစ်​အော်​၍​ပြော​၏။