4 မြို့ထဲသို့ဝင်လျှင်ငါတို့အစာငတ်၍သေရ မည်။ ဤအရပ်တွင်နေလျှင်လည်းသေရကြမည်။ ထို့ကြောင့်ရှုရိတပ်စခန်းသို့ငါတို့သွားကြ ကုန်အံ့။ သူတို့ထားလျှင်ရှင်ရမည်။ သတ်လျှင် သေရမည်'' ဟုအချင်းချင်းပြောဆိုကြ၏။-
5 ထိုနောက်သူတို့သည်မှောင်စပြုချိန်၌ရှုရိတပ် စခန်းသို့သွားကြ၏။ သို့ရာတွင်ထိုအရပ်သို့ ရောက်သောအခါ လူတစ်စုံတစ်ယောက်ကိုမျှ မတွေ့ရကြ။-
6 ထာဝရဘုရားသည်ရှုရိအမျိုးသားတို့ အားမြင်းစီးသူရဲများ၊ စစ်ရထားများဖြင့် တပ်မတော်ကြီးချီတက်လာသောအသံကို ကြားစေတော်မူသဖြင့် ရှုရိအမျိုးသားတို့ က``ငါတို့ကိုတိုက်ခိုက်ရန်ဣသရေလဘုရင် သည် ဟိတ္တိဘုရင်နှင့်အီဂျစ်ဘုရင်တို့ကိုစစ် ကူတောင်းလေပြီ'' ဟုအချင်းချင်းပြောဆို ကြ၏။-
7 သို့ဖြစ်၍ထိုညဦး၌သူတို့သည်မိမိတို့၏ တဲများ၊ မြင်းများနှင့်မြည်းတို့ကိုစွန့်ကာ အ သက်ဘေးမှလွတ်ရန်ထွက်ပြေးကြကုန်၏။ သူ တို့၏တပ်စခန်းကိုမူရှိမြဲအတိုင်းထားခဲ့ ကြ၏။
8 ထိုသူလေးယောက်တို့သည်တပ်စခန်းအစပ် သို့ရောက်သောအခါ တဲတစ်ခုကိုဝင်၍ထို တဲတွင်ရှိသောအစားအစာများကိုစား သောက်ကြ၏။ ထိုနောက်မိမိတို့တွေ့ရှိသည့် ရွှေ၊ ငွေ၊ အဝတ်အစားများကိုယူ၍ထွက်သွား ပြီးလျှင် ထိုပစ္စည်းများကိုဝှက်ထားကြ၏။ သူ တို့သည်နောက်တစ်ဖန်ပြန်လာ၍ အခြားတဲ တစ်ခုသို့ဝင်ကာရှေးနည်းတူပြုကြပြန်၏။-
9 သို့ရာတွင်သူတို့က``ငါတို့ဤသို့ပြုနေကြ ရန်မသင့်။ ငါတို့မှာသတင်းကောင်းရှိသည် ဖြစ်၍ ထိုသတင်းကိုမျိုသိပ်မထားသင့်ကြ။ အကယ်၍ငါတို့သည်ထိုသတင်းကိုမိုး လင်းချိန်တိုင်အောင်မပြောဘဲနေလျှင် ဧကန် မုချအပြစ်ဒဏ်သင့်ရကြပေမည်။ သို့ဖြစ် ၍ယခုပင်မင်းကြီး၏မှူးမတ်တို့ထံသွား ရောက်ပြောကြားကုန်အံ့'' ဟုအချင်းချင်း ပြောဆိုကြ၏။-
10 ထိုနောက်သူတို့သည်ရှုရိတပ်စခန်းမှထွက် ခွာ၍မြို့သို့သွားပြီးလျှင် မြို့တံခါးရှိအစောင့် တပ်သားတို့အား``ငါတို့သည်ရှုရိတပ်စခန်း သို့သွားရောက်ရာလူတစ်စုံတစ်ယောက်ကိုမျှ မမြင်ခဲ့ပါ။ လူသံကိုလည်းမကြားခဲ့ပါ။ မြင်းများနှင့်မြည်းများသည်ချည်လျက်ပင် ရှိပါသည်။ တဲများမှာလည်းရှုရိအမျိုးသား တို့ထားခဲ့သည့်အတိုင်းပင်ရှိနေပါသည်'' ဟု အော်ဟစ်၍ပြောကြားကြ၏။