1 ဧလိရှဲသည်မိမိအသက်ပြန်၍ရှင်စေခဲ့ သည့်ကလေး၏မိခင်၊ ရှုနင်မြို့သူအား``ထာဝရ ဘုရားသည်ခုနစ်နှစ်တိုင်တိုင်တစ်ပြည်လုံးတွင် အစာငတ်မွတ်ခေါင်းပါးခြင်းဘေးဆိုက်ရောက် စေတော်မူလိမ့်မည်။ သို့ဖြစ်၍သင်သည်သင်၏ မိသားစုနှင့်အတူ အရပ်တစ်ပါးသို့ပြောင်း ရွှေ့နေထိုင်ပါလော့'' ဟုပြောကြားခဲ့၏။-
2 ထိုအမျိုးသမီးသည်ဧလိရှဲညွှန်ကြားသည့် အတိုင်း မိမိ၏မိသားစုနှင့်အတူဖိလိတ္တိပြည် သို့သွားရောက်၍ခုနစ်နှစ်တိုင်တိုင်နေထိုင်လေ သည်။
3 ခုနစ်နှစ်စေ့သောအခါသူသည်ဣသရေလ ပြည်သို့ပြန်လာပြီးလျှင် မင်းကြီးထံသို့သွား ၍မိမိ၏အိမ်နှင့်မြေကိုပြန်လည်ပေးသနား တော်မူရန်လျှောက်ထား၏။-
4 ထိုအချိန်၌မင်းကြီးသည်ဧလိရှဲ၏အစေခံ ဂေဟာဇိနှင့်ဆွေးနွေးဆဲဖြစ်၏။ မင်းကြီးသည် ဧလိရှဲပြခဲ့သည့်နိမိတ်လက္ခဏာများအ ကြောင်းကိုကြားသိလို၏။-
5 သို့ဖြစ်၍ဂေဟာဇိသည်သေသူအား အဘယ်သို့ ဧလိရှဲရှင်ပြန်စေကြောင်းကိုသံတော်ဦးတင် လျက်နေ၏။ ထိုအချိန်၌ရှုနင်မြို့သူသည်ရောက် ရှိလာ၍ မင်းကြီးအားအသနားခံခြင်းဖြစ်၏။ ဂေဟာဇိကမင်းကြီးအား``အရှင်မင်းကြီး၊ ဧလိရှဲအသက်ရှင်ပြန်စေသောသူငယ်နှင့် မိခင်မှာဤသူတို့ပင်ဖြစ်ကြပါ၏'' ဟု လျှောက်၏။-
6 မင်းကြီးကဂေဟာဇိ၏စကားမှန်မမှန် ကိုမေးမြန်းတော်မူသောအခါ အမျိုးသမီး က``မှန်ပါသည်'' ဟုလျှောက်၏။ သို့ဖြစ်၍မင်း ကြီးသည်အမတ်တစ်ယောက်ကိုခေါ်၍``ဤ အမျိုးသမီးအဝေးသို့ရောက်ရှိနေခဲ့သည့် ခုနစ်နှစ်အတွင်း သူ၏လယ်များမှထွက်သည့် အသီးအနှံတန်ဖိုးအပါအဝင်သူပိုင် ဆိုင်ခဲ့သမျှကိုသူ့အားပြန်၍ပေးစေ'' ဟုအမိန့်ပေးတော်မူ၏။
7 ရှုရိဘုရင်ဗင်္ဟာဒဒ်နာမကျန်းရှိတော်မူ ချိန်၌ ဧလိရှဲသည်ဒမာသက်မြို့သို့ရောက် ရှိလာ၏။ ဧလိရှဲရောက်ရှိနေကြောင်းမင်း ကြီးကြားသိတော်မူသောအခါ၊-