၄ ရာ 8:14-21 BCL

14 ဟာ​ဇေ​လ​သည်​ဗင်္ဟာ​ဒဒ်​ထံ​သို့​ပြန်​ရောက်​သော အ​ခါ မင်း​ကြီး​က``ဧ​လိ​ရှဲ​အ​ဘယ်​သို့​အ​မိန့် ရှိ​သ​နည်း'' ဟု​မေး​တော်​မူ​လျှင်``အ​ရှင်​ပြန်​လည်​ကျန်း​မာ​လာ​လိမ့်​မည်​ဟု ပြော​ပါ​သည်'' ဟု​လျှောက်​၏။-

15 သို့​ရာ​တွင်​နောက်​တစ်​နေ့​၌​ဟာ​ဇေ​လ​သည် စောင်​တစ်​ထည်​ကို​ရေ​ဆွတ်​ပြီး​လျှင်​မင်း​ကြီး ၏​မျက်​နှာ​ကို​ဖုံး​အုပ်​၍​သတ်​လေ​၏။ထို​နောက်​ဟာ​ဇေ​လ​သည်​ဗင်္ဟာ​ဒဒ်​၏​အ​ရိုက် အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​လေ​၏။

16-17 ဣ​သ​ရေ​လ​ဘု​ရင်​အာ​ဟပ်​၏​သား​တော်​ယော​ရံ ၏​နန်း​စံ​ငါး​နှစ်​မြောက်​၌ ယော​ရှ​ဖတ်​၏​သား​တော် ယ​ဟော​ရံ​သည်​အ​သက်​သုံး​ဆယ့်​နှစ်​နှစ်​ရှိ​သော အ​ခါ ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၏။ သူ သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​ရှစ်​နှစ်​မျှ​နန်း​စံ​ရ​၏။-

18 သူ​၏​မိ​ဖုရား​မှာ​အာ​ဟပ်​၏​သ​မီး​ဖြစ်​သ​ဖြင့် မင်း​ကြီး​သည်​အာ​ဟပ်​မင်း​မျိုး​တို့​ကဲ့​သို့ ဣ​သ ရေ​လ​ဘု​ရင်​များ​၏​ဒု​စ​ရိုက်​လမ်း​စဉ်​ကို လိုက်​လျှောက်​လေ​သည်။ သူ​သည်​ထာ​ဝ​ရ​ဘု​ရား အား​ပြစ်​မှား​၏။-

19 သို့​သော်​လည်း​ထာ​ဝရ​ဘု​ရား​သည် ဒါ​ဝိဒ်​အား``သင် ၏​သား​မြေး​တို့​ကို​ထာ​ဝစဉ်​အုပ်​စိုး​စေ​မည်'' ဟု ပြု​ခဲ့​သည့်​က​တိ​တော်​ကို​ထောက်​၍ ယု​ဒ​ပြည် ကို​ဖျက်​ဆီး​ရန်​အ​လို​တော်​မ​ရှိ​ချေ။

20 ယ​ဟော​ရံ​နန်း​စံ​နေ​ချိန်​၌​ဧ​ဒုံ​ပြည်​သည် ယု​ဒ ပြည်​ကို​ပုန်​ကန်​၍​လွတ်​လပ်​သော​နိုင်​ငံ​ဖြစ်​လာ လေ​သည်။-

21 သို့​ဖြစ်​၍​ယ​ဟော​ရံ​သည်​မိ​မိ​၏​စစ်​ရ​ထား အ​လုံး​အ​ရင်း​နှင့် ဇာ​ဣ​ရ​မြို့​သို့​ချီ​တက်​တော် မူ​ရာ​ထို​အ​ရပ်​တွင် ဧ​ဒုံ​တပ်​မ​တော်​၏​ဝိုင်း​ရံ ခြင်း​ကို​ခံ​ရ​လေ​သည်။ မင်း​ကြီး​နှင့်​စစ်​ရ​ထား မှူး​တို့​သည် ယင်း​သို့​ဝိုင်း​ရံ​မှု​ကို​ချိုး​ဖောက်​လွတ် မြောက်​သွား​ကြ​၏။ သူ​၏​စစ်​သည်​တော်​တို့​သည် မိ​မိ​တို့​နေ​ရပ်​သို့​က​စဥ့်​က​ရဲ​ထွက်​ပြေး ကြ​ကုန်​၏။-