24 ယဟောရံကွယ်လွန်သောအခါသူ့ကိုဒါဝိဒ် မြို့ရှိသင်္ချိုင်းတော်တွင်သင်္ဂြိုဟ်ကြ၏။ ထိုနောက် သားတော်အာခဇိသည် ခမည်းတော်၏အရိုက် အရာကိုဆက်ခံ၍နန်းတက်လေသည်။
25 အာဟပ်၏သားတော်၊ ဣသရေလဘုရင်ယောရံ ၏နန်းစံတစ်ဆယ့်နှစ်နှစ်မြောက်၌ ယုဒပြည် ဘုရင်အဖြစ်ယဟောရံ၏သားအသက်နှစ် ဆယ့်နှစ်နှစ်ရှိအာခဇိနန်းတက်၏။-
26 သူသည်ယေရုရှလင်မြို့တွင်တစ်နှစ်မျှအုပ် စိုးရ၏။ သူ၏မယ်တော်မှာဣသရေလဘုရင် သြမရိ၏မြေးအာသလိဖြစ်၏။-
27 အာခဇိသည်အာဟပ်မင်းနှင့်အိမ်ထောင်ရေး အရဆွေမျိုးတော်စပ်သဖြင့် အာဟပ်မင်းအိမ် ထောင်စုနည်းတူထာဝရဘုရားအားပြစ်မှား လေသည်။
28 ဣသရေလဘုရင်ယောရံနှင့်ရှုရိဘုရင် ဟာဇေလတို့စစ်ဖြစ်ကြသောအခါ အာခဇိ ကယောရံ၏ဘက်မှဝင်၍တိုက်ခိုက်လေသည်။ ဂိလဒ်ပြည်ရာမုတ်မြို့တွင် တိုက်ပွဲဖြစ်ပွားရာ ယောရံသည်ဒဏ်ရာများရရှိသဖြင့်၊-
29 အနာကိုကုသရန်ယေဇရေလမြို့သို့ပြန် လေ၏။ အာခဇိသည်လည်းသူ့ကိုကြည့်ရှုရန် ထိုမြို့သို့သွားလေ၏။