30 ယေဟုသည်ယေဇရေလမြို့သို့ရောက်ရှိလာ ၏။ ယေဇဗေလသည်ဖြစ်ပျက်သည့်အကြောင်း အရာကိုကြားသိပြီးဖြစ်သဖြင့် မိမိ၏မျက် ခမ်းတို့ကိုဆေးဆိုး၍ဆံပင်ကိုအလှပြင် ကာ နန်းတော်ပြူတင်းမှလမ်းသို့မျှော်ကြည့် လျက်နေ၏။-
31 ယေဟုသည်နန်းတော်ဝင်တံခါးဝကိုဝင်၍ လာသောအခါ ယေဇဗေလသည်ယေဟု အား``ကိုယ့်သခင်ကိုသတ်သောအချင်း ဇိမရိ သင်သည်အဘယ်ကြောင့် ဤအရပ်သို့လာ သနည်း'' ဟုဟစ်အော်၍ပြော၏။
32 ယေဟုသည်မော်၍ကြည့်ပြီးလျှင်``ငါ၏ဘက် သို့အဘယ်သူပါမည်နည်း'' ဟုမေး၏။ ထိုအခါ သူ့အားမိန်းမစိုးနှစ်ယောက်သုံးယောက်တို့သည် နန်းတော်ပြူတင်းမှငုံ့၍ကြည့်ကြ၏။-
33 ယေဟုကသူတို့အား``သူ့ကိုတွန်းချလော့'' ဟုဆိုသည့်အတိုင်း သူတို့သည်ယေဇဗေလ ကိုတွန်းချကြသဖြင့် သွေးစက်သည်နန်း တော်နံရံနှင့်မြင်းများအပေါ်သို့စဉ်၍ကျ လေသည်။ ယေဟုသည်ယေဇဗေလ၏အလောင်း ပေါ်ဖြတ်၍ မိမိ၏စစ်ရထားကိုမောင်းနှင် ပြီးလျှင်၊-
34 နန်းတော်သို့ဝင်၍အစားအစာစား၏။ ထို နောက်သူက``အမင်္ဂလာခံရသောထိုမိန်းမ ကိုသင်္ဂြိုဟ်ကြလော့။ မည်သို့ပင်ဆိုစေကာမူ သူသည်မင်းသမီးဖြစ်သည်'' ဟုဆို၏။-
35 သို့ရာတွင်သူ့အားသင်္ဂြိုဟ်ရန်သွားကြသော သူတို့သည် သူ၏ဦးခွံ၊ လက်ရိုး၊ ခြေရိုးမျှကို သာတွေ့ရှိရကြသဖြင့်၊-
36 ယေဟုအားအစီရင်ခံကြ၏။ ထိုအခါ ယေဟုက``ယေဇဗေလသည်ယေဇရေလ အရပ်တွင်ခွေးစာဖြစ်လိမ့်မည်။-