ကော​လော​သဲ 3:2-8 BJB

2 မြေကြီးပေါ်မှာရှိသော အရာတို့ကို စွဲလမ်းသောစိတ်မရှိကြနှင့်။ အထက်အရာတို့ကိုသာ စိတ်စွဲလမ်းခြင်း ရှိကြလော့။

3 အကြောင်းမူကား၊ သင်တို့သည် သေသောသူ ဖြစ်၍ သင်တို့အသက်သည် ခရစ်တော်နှင့်အတူ ဘုရားသခင်၌ ဝှက်ထားလျက်ရှိ၏။

4 ငါတို့အသက်တည်းဟူသော ခရစ်တော်သည် ထင်ရှားတော်မူသောအခါ၊ ငါတို့သည်လည်း ထိုသခင်နှင့် အတူ ဘုန်းကြီး၍ ထင်ရှားကြလတံ့။

5 ထိုကြောင့် မတရားသော မေထုန်၌မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာပူပန်ခြင်း၊ ဆိုးညစ် သော တပ်မက်ခြင်း၊ ရုပ်တုကို ကိုးကွယ်ခြင်းဖြစ်သော လောဘလွန်ကျူးခြင်းတည်းဟူသော၊ မြေကြီးပေါ်မှာ ရှိသော သင်တို့၏ ကိုယ်အင်္ဂါတို့ကို သေစေကြလော့။

6 ထိုအမှုများကြောင့် ဘုရားသခင်၏ အမျက် တော်သည် ငြင်းဆန်သော သူတို့အပေါ်၌ သင့်ရောက် ပေ၏။

7 ထိုသူတို့နှင့် သင်တို့သည်လည်း အထက်က ပေါင်းဘော်သောအခါ၊ ထိုအမှုများ၌ ကျင်လည်ကြ၏။

8 ယခုမူကား၊ ထိုအမှုအလုံးစုံတို့ကို၎င်း၊ အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ မနာလိုခြင်း၊ သူ့အသရေ ပျက်အောင် ပြောဆိုခြင်း၊ ညစ်ညူးသော စကားကို သုံးခြင်းတို့ကို၎င်း၊ သင်တို့နှုတ်မှ ပယ်ရှင်းကြလော့။