ဂ​လာ​တိ 6:2-8 BJB

2 ထမ်းရွက်စရာဝန်ချင်းတို့ကို အချင်းချင်းကူညီ၍ ထမ်းရွက်သောအားဖြင့် ခရစ်တော်၏တရားကို ကျင့်ကြလော့။

3 အကြင်သူသည်ဘာမျှမဟုတ်ဘဲလျက်၊ ဤမျှလောက်ငါဖြစ်သည်ဟုစိတ်ထင်လျှင်၊ ထိုသူသည် ကိုယ်ကို လှည့်ဖြားသောသူဖြစ်၏။

4 လူတိုင်းကိုယ်တိုင်ပြုသောအမှုကို စစ်ကြောစေ။ သို့ပြုလျှင် သူတပါး၌မဆိုဘဲ ကိုယ်၌သာ ဝါကြွား ဝမ်းမြောက်စရာ အကြောင်းရှိလိမ့်မည်။

5 အဘယ်ကြောင့်နည်းဟူမူကား၊ လူအသီးသီးတို့သည် မိမိတို့ဝန်ကို ဆောင်ရွက်ရကြမည်။

6 နှုတ်ကပတ်တရားကို သင်သောသူသည် သင်ပေးသောသူအား ကောင်းသောအရာရှိသမျှတို့ကို ဝေမျှစေ။

7 အလွဲမယူကြနှင့်။ ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကို ခံတော်မမူ။ လူသည်မျိုးစေ့ကြဲသည်အတိုင်း အသီးအနှံကိုရိတ်ရလိမ့်မည်။

8 မိမိဇာတိပကတိ၌ မျိုးစေ့ကြဲသောသူသည် ဇာတိပကတိအားဖြင့် ပုပ်ပျက်ခြင်းအသီးအနှံကို ရိတ်ရလိမ့် မည်။ ဝိညာဉ်ပကတိ၌ မျိုးစေ့ကြဲသောသူသည် ဝိညာဉ်ပကတိအားဖြင့် ထာဝရအသက်ရှင်ခြင်း အသီးအနှံကို ရိတ်ရလိမ့်မည်။