တမန်တော်ဝတ္ထု 1:1-5 BJB

1 အိုသော်ဖိလု၊ ယေရှုသည် ရွေးကောက်တော်မူသော တမန်တော်တို့ကို ဝိညာဉ်တော်အားဖြင့် မှာထားပြီးမှ၊

2 အထက်သို့ဆောင်ယူခြင်းကို ခံတော်မူသမျှတို့ကိုထုတ်ဘော်၍၊ အထက်ကျမ်းစာကို ငါစီရင်ရေးထားပါပြီ။

3 အသေခံတော်မူပြီးလျှင်၊ တမန်တော်တို့အား အရက်လေးဆယ်ပတ်လုံးကိုယ်ကိုပြ၍ ဘုရားသခင်၏ နိုင်ငံတော်နှင့်စပ်ဆိုင်သောအရာတို့ကို မိန့်မြွက်တော်မူလျက်၊ မိမိအသက်ရှင်သည်အကြောင်းကို ခိုင်ခံ့သော သက်သေအများအားဖြင့် ပြတော်မူ၏။

4 ထိုတမန်တော်တို့ကို စုဝေးစေတော်မူပြီးလျှင်၊ ယေရုရှလင်မြို့မှမထွက်မသွားဘဲ ခမည်းတော်၏ ဂတိကိုငံ့နေမည်အကြောင်း မှာတော်မူ၍၊ ထိုဂတိတော်ကို ငါဟောပြောသဖြင့် သင်တို့သည်ကြားသိရကြပြီ။

5 ဂတိတော်အချက်ဟူမူကား၊ ယောဟန်သည်ရေ၌ဗတ္တိဇံကိုပေး၏။ သင်တို့သည် မကြာမမြင့်မှီ သန့်ရှင်းသောဝိညာဉ်တော်၌ ဗတ္တိဇံကိုခံရကြလိမ့်မည်ဟုမိန့်တော်မူ၏။