တမန်တော်ဝတ္ထု 10:1-4 BJB

1 ကဲသရိမြို့၌ ဣတလိတပ်ဟု ခေါ်ဝေါ်သောတပ်တွင် လူတရာကိုအုပ်ချုပ်သော တပ်မှူးကော်နေလိ အမည်တွင်သော သူတယောက်ရှိ ၏။

2 ထိုသူသည် မိမိအိမ်တွင်ရှိသမျှသော သူတို့နှင့်တကွ ဘုရားဝတ်၌ မွေ့လျော်၍ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းရှိသဖြင့် လူတို့အားများစွာသော စွန့်ကြဲခြင်းကိုပြု၍ ဘုရားသခင်ကို အစဉ်ဆုတောင်းလေ့ရှိ၏။

3 တနေ့သ၌ နေသုံးချက်တီးအချိန်တွင် ဘုရားသခင်၏ ကောင်းကင်တမန်သည်၊ ကော်နေလိဟု ခေါ်လျက် ရောက်လာသည်ကို ထိုသူသည် ထင်ရှားသောဗျာဒိတ်ရူပါရုံအားဖြင့် မြင်ရ၏။

4 ကောင်းကင်တမန်ကို စေ့စေ့ကြည့်လျှင် ထိတ်လန့်ခြင်းရှိသည် ဖြစ်၍၊ သခင်၊ အဘယ်အခင်းရှိပါသနည်းဟု မေးသော်၊ ကောင်းကင်တမန်က၊ သင်ပြုသောဆုတောင်းပဌနာနှင့် စွန့်ကြဲပေးကမ်းခြင်းတို့သည် ဘုရားသခင့်ရှေ့တော်၌ အောက်မေ့စရာဘို့တက်ကြပြီ။