တမန်တော်ဝတ္ထု 10:45-48 BJB

45 တပါးအမျိုးသားတို့ အပေါ်သို့သန့်ရှင်းသော ဝိညာဉ်တော်၏ ကျေးဇူးကိုသွန်းလောင်းသောကြောင့်၊ အရေဖျားလှီးခြင်းကို ခံသောသူ တည်းဟူသော ပေတရုနှင့် ပါသမျှသော တပည့်တော်တို့သည် မိန်းမောတွေဝေခြင်းရှိကြ၏။

46 အကြောင်းမူကား၊ ထိုသူတို့သည် အမျိုးမျိုးသော ဘာသာစကားအားဖြင့်ပြော၍၊ ဘုရားသခင်ကို ချီးမွမ်းသည်ကိုကြားကြလေ၏။

47 ထိုအခါကေတရုက၊ ငါတို့ကဲ့သို့ သန့်ရှင်းသော ဝိညာဉ်တော်ကိုခံရသော ဤသူတို့ကို ဗတ္တိဇံ မပေးစေခြင်းငှါ အဘယ်သူသည် ရေကို မြစ်တားနိုင်သနည်း ဟုဆိုလျက်၊

48 သခင်ဘုရား၏နာမ၌ ဗတ္တိဇံကို ခံစေမည်အကြောင်းစီရင်လေ၏။ ထိုနောက်မှပေတရုသည် ကာလအတန်အရာနေပါမည် အကြောင်းကို ထိုသူတို့သည် တောင်းပန်ကြ၏။