တမန်တော်ဝတ္ထု 11:1-5 BJB

1 တပါးအမျိုးသားတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ခံယူကြသည်ဟု ယုဒပြည်၌ ရှိသောတမန်တော်တို့နှင့် ညီအစ် ကိုများတို့သည် ကြားသိကြ၏။

2 ပေတရုသည် ယေရုရှလင်မြို့သို့ တက်ရောက်လာသောအခါ အရေဖျားလှီးခြင်းကို ခံသောသူတို့က၊

3 သင်သည် အရေဖျားလှီးခြင်းကို မခံသောလူတို့နှင့် ပေါင်းဘော်၍ စားသောက်ပါသည်တကားဟု ဆန့်ကျင်ဘက်ပြု၍ဆိုကြ၏။

4 ပေတရုသည်လည်း၊ ထိုအကြောင်းအရာကို အစမှအဆုံးတိုင်အောင် ဘော်ပြသည်ကား၊

5 ငါသည်ယုပွေမြို့၌ဆုတောင်းစဉ် ဘဝင်ဖြစ်၍၊ ကောင်းကင်မှ လေးထောင့်ဖြင့် ချလွှတ်သောခြုံထည်ကဲ့သို့သော တန်ဆာသည် ဆင်းသက်၍၊ ငါ့ထံသို့ ရောက်လာသည်ကို ဗျာဒိတ်ရူပါရုံအားဖြင့် မြင်၏။