တမန်တော်ဝတ္ထု 2:2-8 BJB

2 ထိုအခါ လေပြင်းမုန်တိုင်းကဲ့သို့သောအသံသည်တခဏခြင်းတွင် ကောင်းကင်မှလာ၍၊ ထိုသူတို့ နေထိုင်သောအိမ်ကိုဖြည့်လေ၏။

3 ထိုခဏခြင်းတွင်ကွဲပြားသော လျှာတို့သည်မီးလျှာကဲ့သို့ထင်ရှား၍၊ ထိုသူအသီးသီးတို့အပေါ်၌ တည်နေကြ၏။

4 ထိုသူအပေါင်းတို့သည်လည်းသန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်၍၊ ဝိညာဉ်တော်သည် ဟောပြောသောအခွင့်ကို ပေးတော်မူသည်အတိုင်း အမျိုးမျိုးသောဘာသာစကားအားဖြင့် ဟောပြောကြ၏။

5 ထိုကာလအခါ၊ ကောင်းကင်အောက်တွင်ရှိလေသမျှသောလူမျိုးထဲကဘုရားကိုရိုသေသော ယုဒလူတို့သည် ယေရုရှလင်မြို့၌ တည်းနေကြသတည်း။

6 ထိုအသံကိုကြားရသာအခါ၊ လူများတို့သည်စုဝေးလာကြလျှင်၊ အသီးသီးအခြားခြားသော မိမိတို့ ဘာသာစကားဖြင့် တမန်တော်တို့ဟောပြောသည်ကိုကြားရ၍ မှိုင်တွေလျက်ရှိနေကြ၏။

7 ထိုလူအပေါင်းတို့သည် အံ့ဩ မိန်းမောတွေဝေလျက်ရှိ၍၊ ယခုဟောပြောသောသူအပေါင်းတို့သည် ဂါလိလဲလူဖြစ်ကြသည် မဟုတ်လော။

8 သို့ဟုတ်လျှင်ငါတို့သည် အသီးသီးမွေးဘွားရာဌာန၏ ဘာသာစကားများကို ကြားရသည်ကား အဘယ် သို့နည်း။