တမန်တော်ဝတ္ထု 22:1-5 BJB

1 ညီအစ်ကို၊ အဘတို့၊ အကျွန်ုပ်သည် ကိုယ်အပြစ်ဖြေရာ စကားကို သင်တို့ရှေ့မှာ ယခုပြောစဉ်တွင် နားထောင်ကြပါဟု ဆိုလေသော်၊

2 ဟေဗြဲဘာသာအားဖြင့် ပြောသည်ကို ထိုသူတို့သည် ကြားလျှင် သာ၍အလွန်တိတ်ဆိတ်စွာနေကြ၏။

3 ပေါလုကလည်း၊ အကျွန်ုပ်သည် ကိလိကိပြည် တာရှုမြို့၌ မွေးဘွားသော ယုဒလူဖြစ်ပါ၏။ ဤမြို့မှာလည်း၊ ဂေါမလျေလအမည်ရှိသော ဆရာ၏ ခြေရင်း၌ ကျွေးမွေးခြင်းကိုခံ၍ မိစဉ်တဆက်ကျင့်သော တရားကို သေချာစွာသိနားလည်ခြင်းငှါ နည်းဥပဒေသကိုခံပါပြီ။ သင်တို့ ရှိသမျှသည်ယနေ့တိုင်အောင် ဘုရားသခင်ဘက်၌ စိတ်အားကြီးသည် နည်းတူ၊ အကျွန်ုပ်လည်း စိတ်အားကြီးသဖြင့်၊

4 ယောက်ျားမိန်းမတို့ကို ချည်နှောင်၍ ထောင်ထဲမှာ လှောင်ထားလျက် အသေသတ်ခြင်းသို့ တိုင်အောင်၊ ထိုဘာသာကိုညှဉ်းဆဲပါပြီ။

5 ထိုကဲ့သို့ပင်ယဇ်ပုရောဟိတ်မင်းမှစ၍ လူအကြီးအကဲအပေါင်းတို့သည်လည်း အကျွန်ုပ်သည် ညီအစ်ကိုတို့ထံသိမှာစာကို ခံပြီးမှ၊ ဒမာသက်မြို့၌ရှိသော ထိုဘာသာဝင်သူတို့ကို ဒဏ်ခံစေခြင်းငှါ ချည်နှောင်၍ ယေရုရှလင်မြို့သို့ပို့မည်ဟု ဒမာသက်မြို့သို့အကျွန်ုပ်သွားပါ၏။