တမန်တော်ဝတ္ထု 24:17-23 BJB

17 နှစ်ပေါင်းများစွာလွန်သောအခါ၊ အမျိုးသား ချင်းတို့အား စွန့်ကြဲပေးကမ်းခြင်းအမှု၊ ဘုရားသခင်အား ပူဇော်သက္ကာပြုခြင်းအမှုနှင့် အကျွန်ုပ်ရောက်လာသည်တွင်၊

18 ဗိမာန်တော်၌ လူအစုအဝေးမရှိ၊ ရုန်းရင်းခတ် မျှမပြုဘဲ၊ စင်ကြယ်ခြင်းကိုပြုလျက်ရှိသည်ကို၊ အာရှိ ပြည်ကလာသောယုဒလူ အချို့တို့သည် တွေ့ကြပါ၏။

19 ထိုသူတို့သည် အကျွန်ုပ်အပြစ်တင်စရာရှိလျှင်၊ အထံတော်သို့ကိုယ်တိုင်လာ၍အပြစ်တင်အပ်ပါ၏။

20 သို့မဟုတ်အကျွန်ုပ်သည် လွှတ်အရာရှိတို့ရှေ့မှာ ရှိသောအခါ၊ သေသောသူတို့သည် ထမြောက်ခြင်းအကြောင်းနှင့်၊

21 အကျွန်ုပ်သည် သင်တို့ရှေ့၌ ယနေ့စစ်ကြောစီရင်ခြင်းကို ခံရ၏ဟုကြွေးကြော်သော စကားသံတခွန်းကိုထားလျှင်၊ အကျွန်ုပ်၌ အဘယ်အပြစ်ကို တွေ့ကြသည် ကို ယခုရှိသော ဤသူတို့သည် ပြောကြပါစေဟု ပေါလု လျှောက်၏။

22 ဖေလဇ်မင်းကလည်း၊ စစ်သူကြီးလုသိ ရောက်လာသောအခါ၊ သင်တို့အမှုကို ငါစစ်ဦးမည်ဟု ထိုဘာသာကိုသာ၍ နားလည်သောသူဖြစ်လျက်၊ မစီရင်ဘဲ သူတို့ကို လွှတ်လိုက်၏။

23 ပေါလုကို အကျဉ်းမထားဘဲစောင့်၍နေစေ။ သူ၏အဆွေအမျိုးတို့သည် သူ့ထံသို့လာ၍ လုပ်ကျွေးကြစေဟု တပ်မှူးကိုမှာထား၏။