19 ထိုသူတို့သည် အကျွန်ုပ်အပြစ်တင်စရာရှိလျှင်၊ အထံတော်သို့ကိုယ်တိုင်လာ၍အပြစ်တင်အပ်ပါ၏။
20 သို့မဟုတ်အကျွန်ုပ်သည် လွှတ်အရာရှိတို့ရှေ့မှာ ရှိသောအခါ၊ သေသောသူတို့သည် ထမြောက်ခြင်းအကြောင်းနှင့်၊
21 အကျွန်ုပ်သည် သင်တို့ရှေ့၌ ယနေ့စစ်ကြောစီရင်ခြင်းကို ခံရ၏ဟုကြွေးကြော်သော စကားသံတခွန်းကိုထားလျှင်၊ အကျွန်ုပ်၌ အဘယ်အပြစ်ကို တွေ့ကြသည် ကို ယခုရှိသော ဤသူတို့သည် ပြောကြပါစေဟု ပေါလု လျှောက်၏။
22 ဖေလဇ်မင်းကလည်း၊ စစ်သူကြီးလုသိ ရောက်လာသောအခါ၊ သင်တို့အမှုကို ငါစစ်ဦးမည်ဟု ထိုဘာသာကိုသာ၍ နားလည်သောသူဖြစ်လျက်၊ မစီရင်ဘဲ သူတို့ကို လွှတ်လိုက်၏။
23 ပေါလုကို အကျဉ်းမထားဘဲစောင့်၍နေစေ။ သူ၏အဆွေအမျိုးတို့သည် သူ့ထံသို့လာ၍ လုပ်ကျွေးကြစေဟု တပ်မှူးကိုမှာထား၏။
24 ထိုနောက်များမကြာ၊ ဖေလဇ်မင်းသည် ယုဒအမျိုးဖြစ်သော မိမိခင်ပွန်းဒြုသိလေနှင့်တကွလာပြီးလျှင်၊ ပေါလုကိုခေါ်၍ ခရစ်တော်ကို ယုံကြည်ခြင်းနှင့်ယှဉ်သောစကားကို နားထောင်လေ၏။
25 ပေါလုသည် ဖြောင့်မတ်ခြင်းတရားနှင့် ကာမဂုဏ်ချုပ်တည်းခြင်း တရားကို၎င်း၊ နောက်ဖြစ်လတံ့သော စစ်ကြောစီရင်ခြင်းကို၎င်း ဟောပြောလျှင်၊ ဖေလဇ်မင်းသည် ကြောက်လန့်ခြင်းသို့ရောက်၍၊ ယခုသွားဦးလော့။ နောက်မှအဆင်သင့်သောအခါ ငါခေါ်ဦးမည်ဟု ဆို၏။