29 ကျောက်ကို တိုက်မိမည်စိုးရိမ်သောကြောင့် သင်္ဘောပဲ့မှ ကျောက်ဆူးလေးလက်ကို ချ၍မိုဃ်းလင်းပါစေဟု ဆုတောင်းကြ၏။
30 သင်္ဘောသားတို့သည် သင်္ဘောကို စွန့်သွားမည် ဟု အကြံရှိသည်နှင့်သင်္ဘောဦးသို့သွား၍ ကျောက်ဆူး ချဟန်ပြုလျက် သမ္မန်ကိုလျှော့စဉ်တွင်၊
31 ပေါလုက၊ ဤသူတို့သည် သင်္ဘောပေါ်၌ မနေလျှင် သင်တို့သည် ချမ်းသာမရနိုင်ကြဟု တပ်မှူးမှ စ၍ စစ်သူရဲတို့အား ဆို၏။
32 ထိုအခါ စစ်သူရဲတို့သည် သမ္မန်ကြိုးကို ခုတ်ဖြတ်၍ ချလိုက်ကြ၏။
33 မိုဃ်းလင်းလုသောအခါ အစာကိုစားစေခြင်းငှါ ပေါလုသည် လူအပေါင်းတို့ကိုတိုက်တွန်းလျက်၊ သင်တို့သည် တဆယ်လေးရက်ပတ်လုံး မြော်လင့်၍ ယနေ့တိုင်အောင် အစာမစားဘဲ ငတ်မွတ်လျက်နေကြ၏။
34 ထိုကြောင့်အစာစားကြလော့။ စားလျှင် ချမ်းသာရခြင်းအကြောင်း ဖြစ်လိမ့်မည်။
35 သင်တို့ဆံခြည်တပင်မျှ မပျက်စီးရဟုဆိုပြီးလျှင်၊ ပေါလုသည် မုန့်ကိုယူ၍ ထိုသူများရှေ့၌ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ စားလေ၏။