33 မိုဃ်းလင်းလုသောအခါ အစာကိုစားစေခြင်းငှါ ပေါလုသည် လူအပေါင်းတို့ကိုတိုက်တွန်းလျက်၊ သင်တို့သည် တဆယ်လေးရက်ပတ်လုံး မြော်လင့်၍ ယနေ့တိုင်အောင် အစာမစားဘဲ ငတ်မွတ်လျက်နေကြ၏။
34 ထိုကြောင့်အစာစားကြလော့။ စားလျှင် ချမ်းသာရခြင်းအကြောင်း ဖြစ်လိမ့်မည်။
35 သင်တို့ဆံခြည်တပင်မျှ မပျက်စီးရဟုဆိုပြီးလျှင်၊ ပေါလုသည် မုန့်ကိုယူ၍ ထိုသူများရှေ့၌ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ စားလေ၏။
36 ထိုသူအပေါင်းတို့သည်လည်း စိတ်သက်သာခြင်းရှိ၍ အစာကို စားကြ၏။
37 ထိုသင်္ဘော၌ပါသော သူများတို့သည် အရေအတွက်အားဖြင့် နှစ်ရာခုနစ်ကျိပ်ခြောက်ယောက် ရှိသတည်း။
38 ဝစွာစားပြီးမှ ဆန်စပါးကိုပင်လယ်ထဲသို့ ပစ်ချ၍ သင်္ဘောကို ပေါ့စေကြ၏။
39 မိုဃ်းလင်းသောအခါ ထိုအရပ်ကို မသိသော်လည်း၊ ထောင်ကွေ့တခု၌သင်္ဘောဆိပ်ရှိသည်ကို မြင်သောကြောင့်၊ သင်္ဘောကို အထဲသို့ သွင်းနိုင်လျှင် သွင်းမည်ဟု အကြံရှိကြ၏။