တမန်တော်ဝတ္ထု 27:5-11 BJB

5 ပဖုလိပြည်နှင့် စပ်သောပင်လယ်ကိုကူး၍၊ လုကိုပြည်၊ မုရမြို့သို့ ရောက်ကြ၏။

6 ထိုမြို့၌ ဣတလိပြည်သို့ ကူးသော အာလေဇန္ဒြိ သင်္ဘောကို တပ်မှူးသည်တွေ့၍၊ ထိုသင်္ဘောထဲသို့ ငါတို့ကို သွင်းထားလေ၏။

7 နှေးနှေးသာသွား၍ နေ့ရက်ကာလကြာသောအခါ၊ ပင်ပန်းစွာ ကြိုးစား၍ ကနိဒ်မြို့နှင့်တည့်တည့်ရောက်ပြီးမှ၊ လေမသင့်သောကြောင့် ကရေတေကျွန်း အရှေ့ဘက်၊ သာလမုန်မြို့ အနားသို့ ပင်ပန်းစွာ ရှောက် သွား၍၊

8 လာသဲမြို့နှင့်အနီး၊ ကာလုလိမင်းအမည်ရှိသော အရပ်သို့ ရောက်ကြ၏။

9 ကာလကြာသည်ရှိသော်၊ ကြီးစွာသောဥပုသ်နေ့လွန်၍ ပင်လယ်မကူးသင့်သောလဥတုအချိန်ဖြစ်သည်ကို ပေါလုသည် ထောက်၍၊

10 အချင်းလူတို့၊ ယခုမှာပင်လယ်ကူးလျှင် သင်္ဘောနှင့်ကုန်များတို့သည် ဆုံးရှုံးသည်သာမက၊ ငါတို့ အသက် ပျက်စီးရာသော ဘေးအန္တရာယ်ရောက်မည်ကို ငါထင်မြင်သည်ဟု သတိပေး၏။

11 သို့သော်လည်း၊ တပ်မှူးသည်ပေါလုစကားကို နားမထောင်ဘဲ၊ တက်မကိုင်စကားနှင့်သင်္ဘောသူကြီး စကားကိုနားထောင်၏။