တမန်တော်ဝတ္ထု 4:15-21 BJB

15 တမန်တော်တို့ကိုလွှတ်တော်မှ ထွက်သွား စေပြီး လျှင်၊ ဤသူတို့ ကို အဘယ်သို့ပြုရမည်နည်း။

16 သူတို့သည် ထင်ရှားစွာသော နိမိတ်လက္ခဏာကို ပြပြီးသည်ကို၊ ယေရုရှလင်မြို့၌နေသော သူအပေါင်းတို့သည် သိမြင်ကြ၏။ ငါတို့သည်လည်း ငြင်းခုံခြင်းငှါ မတတ်နိုင်ပြီ။

17 သို့သော်လည်း လူများအထဲ၌သာ၍ မနှံ့မပြား စေခြင်းငှါ၊ နောက်တဖန် ထိုနာမကို အမှီပြုလျက် အဘယ်သူကိုမျှ မဟောမပြောနှင့် ဟူ၍ သူတို့ကို ကျပ်တည်းစွာ ခြိမ်းချောက်ကြကုန်အံ့ဟု အချင်းချင်းတိုင် ပင်ပြီးမှ၊

18 တမန်တော်တို့ကိုခေါ်၍၊ ယေရှု၏ နာမကို အမှီပြုလျက် ဟောပြောသွန်သင်ခြင်းကို အလျှင်းမပြုနှင့် ဟု အမိန့်ရှိကြ၏။

19 ပေတရုနှင့် ယောဟန်တို့ကလည်း၊ ဘုရားသခင်၏ စကားတော်ကိုနားထောင်သည်ထက် သင်တို့၏ စကားကိုသာ၍နားထောင်သော်၊ ဘုရားသခင့်ရှေ့မှာ ကောင်းမည်မကောင်းမည်ကို ဆင်ခြင်၍ စီရင်ကြလော့။

20 ငါတို့သည်ကြားလျက်၊ မြင်လျက်ရှိသောအရာတို့ကိုမဟော မပြောဘဲမနေနိုင်ဟု ထိုသူတို့အား ဆိုကြ၏။

21 ထိုအခါတမန်တော်တို့၌ အပြစ်ဒဏ်ပေးသင့်သောအကြောင်းကို မတွေ့သဖြင့် တဖန် ခြိမ်းချောက် ပြီးလျှင်လွှတ်ကြ၏။