တမန်တော်ဝတ္ထု 6:6-12 BJB

6 တမန်တော်တို့ရှေ့၌ ထားကြ၏။ တမန်တော်တို့သည်လည်း ဆုတောင်းပြီးလျှင် ထိုသူတို့၏ ခေါင်းပေါ်၌ လက်ကို တင်ကြ၏။

7 ဘုရားသခင်၏ သာသနာတော်သည် တိုးပွားသဖြင့် ယေရုရှလင်မြို့၌ တပည့်တော်တို့သည် အလွန်ပွါးများ၍၊ ယဇ်ပုရောဟိတ် အပေါင်းတို့သည် ယုံကြည်ခြင်း တရားကို နားထောင်ကြ၏။

8 သတေဖန်သည် ကျေးဇူးတော်နှင့်၎င်း၊ တန်ခိုးတော်နှင့်၎င်း ပြည့်စုံသဖြင့်၊ ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုတို့ကို လူများရှေ့မှာပြုလေ၏။

9 ထိုအခါ လိဗေရတိန် အပေါင်းအသင်းဝင်သော သူမှစ၍၊ ကုရေနေပြည်သား၊ အာလေဇန္ဒြိပြည်သား၊ ကိလိကိပြည်သား၊ အာရှိ ပြည်သား အချို့တို့သည် ထ၍ သတေဖန်နှင့်ငြင်းခုံခြင်းကို ပြုစဉ်တွင်၊

10 သူဟောပြော၍သုံးစွဲသောပညာနှင့် ဝိညာဉ်တော်ကို မခံမဆီးနိုင် ကြ။

11 ထိုအခါဤသူသည် မောရှေကို၎င်း၊ ဘုရားသခင်ကို၎င်း လွန်ကျူး၍ ပြောသည်ကို ငါတို့ကြားရပါ ပြီဟု သက်သေခံမည့်သူတို့ကို တိတ်ဆိတ်စွာခေါ်၍ ထားကြပြီးလျှင်၊

12 လူများကို၎င်း၊ အကြီးအကဲ၊ ကျမ်းပြုဆရာတို့ကို၎င်း နှိုးဆော်၍၊ သတေဖန်ထံသို့လာသဖြင့် ဘမ်းဆီး၍ လွှတ်တော်သို့ပို့ကြ၏။