တမန်တော်ဝတ္ထု 7:1-6 BJB

1 ထိုအခါ ယဇ်ပုရောဟိတ် မင်းက၊ ဤစကားမှန်သလောဟု မေးသည်ရှိသော်၊

2 သတေဖန်က၊ ညီအစ်ကို အဘတို့ နားထောင်ကြပါလော့။ ငါတို့အဘအာဗြဟံသည်၊ ခါရန်မြို့၌မနေမှီ၊ မေသောပေါတာမိအရပ်၌ ရှိစဉ်အခါ၊ ဘုန်းကြီးတော်မူသောဘုရားသခင်သည် ထင်ရှားတော်မူ၍၊

3 သင်နေသောပြည်နှင့်တကွ အမျိုးသားချင်း များထဲကထွက်ပြီးလျှင်၊ ငါပြလတံ့သော ပြည်သို့သွားလော့ဟု အာဗြဟံအားမိန့်တော်မူ၏။

4 ထိုအခါ အာဗြဟံ သည် ခါလဒဲပြည်မှထွက်၍ ခါရန်မြို့၌နေ၏။ သူ၏ အဘ သေလွန်သည်ရှိသော်၊ ယခုသင်တို့နေသော ဤပြည်သို့ ထိုမြို့မှ ပြောင်းစေတော်မူ၏။

5 ဤပြည်၌ ခြေနင်းရာကိုမျှ အမွေပေးတော်မမူသော်လည်း၊ သူမှစ၍ သူ၏သားမြေးတို့အား ဤပြည်ကိုအပိုင်းပေးတော်မူမည်ဟု သားတယောက်မျှမရှိမှီ ဂတိထားတော်မူ၏။

6 သင်၏အမျိုးအနွယ်သည် သူတပါးပိုင်သော ပြည်၌ဧည့်သည် ဖြစ်ကြသဖြင့်၊ သူတပါးတို့၌ ကျွန်ခံခြင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းကို အနှစ် လေးရာပတ်လုံး ခံရကြလိမ့်မည်။