တိ​တု 1:3-9 BJB

3 ဘုရားသခင် ရွေးကောက်တော်မူသော သူတို့၏ ယုံကြည်ခြင်းအလိုငှါ၎င်း၊ ဘုရားသခင်၏ ကျွန်တည်းဟူသော၊ ယေရှုခရစ်၏ တမန်တော်ဖြစ်သော ငါပေါလုသည်၊

4 ဆက်ဆံသောယုံကြည်ခြင်းအားဖြင့် ငါ့သားစစ်ဖြစ်သော တိတုကိုကြားလိုက်ပါ၏။ ငါတို့ကိုကယ်တင်တော်မူသော အရှင်သခင်ယေရှုခရစ်နှင့် ခမည်းတော် ဘုရားသခင့်အထံတော်က ကျေးဇူး၊ ကရုဏာ၊ ငြိမ်သက် ခြင်းရှိပါစေသော။

5 ငါသည် သင့်ကို မှာထားခဲ့နှင့်သည်အတိုင်း၊ ကရေတေကျွန်း၌ မစုံလင်သမျှတို့ကို ပြင်ဆင်၍၊ မြို့ရွာများ၌ သင်းအုပ်တို့ကို ခန့်ထားစေခြင်းငှါ၊ ထိုကျွန်း၌ သင့်ကို ငါထားခဲ့သတည်း။

6 အပြစ်တင်ခွင့်နှင့်ကင်းလွတ်သောသူ၊ မယားတယောက်တည်းရှိသောသူဖြစ်လျှင်၎င်း၊ သူ၏သားသမီးတို့သည် ကာမဂုဏ်၌ လွန်ကျူးသည်ဟု အပြစ်တင်ခြင်း၊ နားမထောင်ခြင်းနှင့် လွတ်၍ ယုံကြည်လျှင်၎င်း၊ ထိုသို့ သောသူကို ခန့်ထားအပ်၏။

7 အကြောင်းမူကား၊ သင်းအုပ်သည် ဘုရားသခင်၏ ဘဏ္ဍာစိုးကဲ့သို့၊ အပြစ်တင်ခွင့်နှင့် ကင်းလွတ်သောသူဖြစ်ရမည်။ ကိုယ်အလိုသို့ လိုက်တတ်သောသူ၊ စိတ်တိုသောသူ၊ စပျစ်ရည်နှင့်ပျော်မွေ့သောသူ၊ သူတပါးကို ရိုက်ပုတ်သောသူ၊ မစင်ကြယ်သောစီးပွါးကို တပ်မက်သောသူ မဖြစ်ရဘဲ၊

8 ဧည့်သည်ဝတ်ကို ပြုတတ်သောသူ၊ သူတော်ကောင်းနှင့် အဆွေဖွဲ့သောသူ၊ ဣန္ဒြေစောင့်သောသူ၊ ဖြောင့်မတ်သောသူ၊ သန့်ရှင်းသောသူ၊ ကာမဂုဏ်ကို ချုပ်တည်းသောသူဖြစ်ရမည်။

9 စင်ကြယ်သော ဩဝါဒအားဖြင့် တိုက်တွန်းသွေးဆောင်ခြင်းငှါ၎င်း၊ ငြင်းခုံသောသူတို့၏ စကားကို ချေခြင်းငှါ၎င်း တတ်နိုင်မည်အကြောင်း၊ ကိုယ်တိုင်သင်ပြီးသောသစ္စာစကားတော်ကို အမြဲစွဲလမ်းသောသူ ဖြစ်ရမည်။