တိ​တု 2:3-9 BJB

3 ထိုနည်းတူ၊ အသက်ကြီးရင့်သောမိန်းမတို့သည် ကျင့်ကြံပြုမူရာမှာ ဓမ္မအမှုနှင့် ထိုက်တန်သောသူ၊ မချောစားတတ်သောသူ၊ စပျစ်ရည်၌ မလွန်ကြူးတတ်သောသူ၊ ကောင်းသောအတတ်ကို သင်ပေးတတ်သောသူ ကိုယ်တိုင်ဖြစ်၍၊

4 ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ကဲ့ရဲ့ခြင်းနှင့် ကင်းလွတ်စိမ့်သောငှါ၊ အသက်ပျိုသော မိန်းမတို့သည် ကိုယ်ခင်ပွန်းကို ချစ်သောသူ၊ သားသမီးကို ချစ်သောသူ၊

5 ဣန္ဒြေစောင့်သောသူ၊ စင်ကြယ်သောသူ၊ မိမိအိမ်ကိုပြုစုသောသူ၊ ကောင်းမွန်သောသူ၊ ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံသောသူဖြစ်စေခြင်းငှါ၊ အသက်ကြီးရင့်သောမိန်းမတို့သည် ဆုံးမပေးရကြမည်အကြောင်း၊

6 ထိုနည်းတူ၊ အသက်ပျိုသောယောက်ျားတို့သည်လည်း၊ ဣန္ဒြေစောင့်ရကြမည်အကြောင်း တိုက်တွန်း သွေးဆောင်လော့။

7 အရာရာ၌ ကောင်းသောအကျင့်တို့၏ ပုံသက်သေကို ကိုယ်တိုင်ပြလော့။ ဆုံးမဩဝါဒပေးသောအခါ၊ မိစ္ဆာဒိဋ္ဌိနှင့်ကင်းခြင်း၊ တည်ကြည်ခြင်း၊

8 အပြစ်တင်ဘွယ်မရှိ၊ စင်ကြယ်သောတရားစကားကို ဟောပြောခြင်းတို့ကို ပြုလော့။ သို့ဖြစ်၍၊ တဘက်၌ နေသောသူသည်၊ ငါတို့ကို ကဲ့ရဲ့စရာအခွင့် မရနိုင်သောကြောင့်၊ ရှက်ကြောက်ခြင်းသို့ ရောက်လိမ့် မည်။

9 အစေခံကျွန်တို့သည်။ ငါတို့ကို ကယ်တင်တော်မူသော အရှင်ဘုရားသခင်၏ ဩဝါဒကို အရာရာ၌ တန်ဆာဆင်ခြင်းငှါ၊ မိမိတို့ သခင်၏အုပ်စိုးခြင်းကို ဝန်ခံ၍၊ ငြင်းခုံခြင်းမရှိဘဲ၊ အရာရာ၌ သခင်၏အလိုသို့ လိုက်မည်အကြောင်းနှင့်၊