ဗျာ​ဒိတ် 1:1-6 BJB

1 ကာလမကြာမမြင့်မှီဖြစ်ရမည် အမှုအရာများကို ယေရှုခရစ်သည် မိမိအစေခံကျွန်တို့အား ပြစေခြင်းငှါ၊ ဘုရားသခင်အပ်ပေးတော်မူသော ထိုသခင်၏ ဗျာဒိတ်တော်ကို ဆိုပေအံ့။ ထိုသခင်သည် မိမိကောင်းကင်တမန်ကို စေလွှတ်၍၊ မိမိအစေခံကျွန်ယောဟန်အား ဗျာဒိတ်တော်အရိပ်ကို ပြတော်မူ၏။

2 ယောဟန်သည်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ယေရှုခရစ်၏ သက်သေခံတော်မူချက်ကို မြင်သမျှအတိုင်း သက်သေခံ၏။

3 ကာလအချိန်ရောက်လုနီးပြီဖြစ်၍၊ ဤအနာဂတ္တိကျမ်းစကားကိုကြည့်ရှု ဘတ်ရွတ်နားထောင်၍၊ ရေးထားသမျှတို့ကို စောင့်ရှောက်သော သူတို့သည် မင်္ဂလာရှိကြ၏။

4 ငါယောဟန်သည် အာရှိပြည်၌ရှိသော အသင်းတော်ခုနှစ်ပါးကို ကြားလိုက်ပါ၏။ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ် ရှိတော်မူသော ဘုရားသခင်အထံတော်က၎င်း၊ ပလ္လင်တော်ရှေ့၌ရှိသော ဝိညာဉ် ခုနှစ်ပါးအထံက၎င်း၊

5 သစ္စာစောင့်သော သက်သေခံဖြစ်တော်မူထသော၊ သေသောသူတို့တွင်သားဦး ဖြစ်တော်မူထသော၊ လောကီဘုရင်တို့၏ အထွဋ်ဖြစ်တော်မူသော ယေရှုခရစ်အထံတော်က၎င်း၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည်သင်တို့၌ရှိပါစေသော။ ငါတို့ကိုချစ်၍ မိမိအသွေးနှင့် ငါတို့အပြစ်များကို ဆေးကြောတော်မူ၍၊

6 မိမိခမည်းတော်ဘုရားသခင့်ရှေ့၌ ငါတို့ကို ရှင်ဘုရင်အရာ၌၎င်း၊ ယဇ်ပုရောဟိတ်အရာ၌၎င်း ခန့်ထားတော်မူသောသူသည်၊ ကမ္ဘာအဆက်ဆက် ဘုန်းအသရေ၊ အစွမ်းသတ္တိရှိတော်မူစေသတည်း။ အာမင်။