ဗျာ​ဒိတ် 10:7-10 BJB

7 ဖန်ဆင်း၍ ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသော သူကို တိုင်တည် ၍ ကျိန်ဆိုခြင်းကို ပြုလေ၏။

8 ငါကြားရသော ကောင်းကင်အသံသည် တဖန် ငါ့အား ပြောသည်ကား၊ မြေနှင့်ပင်လယ်ပေါ်မှာ ရပ်နေ သော ကောင်းကင်တမန်၏ လက်၌ဖွင့်ထားလျက်ရှိသော စာစောင်ငယ်ကို သွား၍ ယူလော့ဟု ဆိုလျှင်၊

9 ငါသည် ကောင်းကင်တမန်ထံသို့သွား၍ စာစောင်ငယ်ကို ပေးပါဟု တောင်း၏။ သူကလည်း ယူ၍စားလော့။ ဝမ်းကိုခါးစေလိမ့်မည်။ သို့သော်လည်း ပစပ်၌ ပျားရည်ကဲ့သို့ချိုလိမ့်မည်ဟုဆိုလျှင်၊ ငါသည် စာစောင်ကို ကောင်းကင်တမန်၏လက်မှ ယူ၍စား၏။ ပစပ်၌ပျားရည်ကဲ့သို့ချို၏။ စားပြီးမှ ဝမ်း၌ခါး၏။

10 ကောင်းကင်တမန်ကလည်း၊ သင်သည် အသီးအသီးဘာသာစကားကို ပြောသော လူအမျိုးမျိုး တို့၌၎င်း၊ ရှင်ဘုရင်တို့၌၎င်း၊ တဖန် ပရောဖက်ပြု၍ ဟောပြောရမည်ဟု ဆိုလေ၏။