ဗျာ​ဒိတ် 16:1-4 BJB

1 ဗိမာန်တော်ထဲက ကြီးသောအသံကား၊ သွားကြလော့။ ဘုရားသခင်၏ အမျက်တော် ဖလားခုနစ်လုံးကို မြေကြီးပေါ်သို့ သွန်းလောင်းကြလော့ဟု ကောင်းကင်တမန် ခုနစ်ပါးတို့အား ပြောဆိုသည်ကို ငါကြား၏။

2 ပဋ္ဌမသူသည် သွား၍မိမိဖလားကို မြေကြီးပေါ်သို့ သွန်းလောင်းလျှင်၊ သားရဲ၏တံဆိပ်လက်မှတ်ကို ခံ၍ သူ၏ရုပ်တုကို ကိုးကွယ်သော လူတို့၌ အလွန်ဆိုးသော အနာစိမ်းပေါက်လေ၏။

3 ဒုတိယကောင်းကင်တမန်သည် မိမိဖလားကို ပင်လယ်ပေါ်သို့ သွန်းလောင်းလျှင်၊ ပင်လယ်သည် လူသေ၏ အသွေးကဲ့သို့သော အသွေးဖြစ်၏။ ပင်လယ်၌ အသက်ရှင်သော သတ္တဝါအပေါင်းတို့သည် သေကြ၏။

4 တတိယကောင်းကင်တမန်သည် မိမိဖလားကို မြစ်ပေါ်သို့၎င်း၊ စမ်းရေတွင်းပေါ်သို့၎င်း သွန်းလောင်းလျှင် ထိုအရာတို့သည် အသွေးဖြစ်ကြ၏။